တိုကျို ဂျပန်နိုင်ငံရဲ့ စက်ရုံများမှ ကုန် ထုတ်လုပ်မှုက မေလမှာ ဧပြီနဲ့နှိုင်း ယှဉ်ပါက ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းတဲ့အတွက် မျှော်လင့်ထား တာထက် ပိုမိုကျဆင်းခဲ့ကြောင်း ဇွန် ၂၉ ရက်က ထုတ်ပြန်တဲ့ တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ အားနည်းနေ တဲ့ စီးပွားရေး နာလန်ထူမှု တုံ့ဆိုင်း နေတဲ့သဘောကို ပြသနေပါတယ်။ ဂျပန်ထုတ်ကုန်များရဲ့အဓိက ပို့ကုန် ဈေးကွက်ဖြစ်တဲ့ ဥရောပရဲ့ ဘဏ္ဍာ ရေးအခြေအနေနဲ့ ယန်း ငွေကြေး ခိုင်မာမှုတို့ကြောင့် ယခုလိုဖြစ်ရတယ် လို့ ဆိုပါတယ်။ Source.AFP စင်ကာပူ ၂၀၁၁ ခုနှစ်မှာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးနေပေမဲ့ အ လုပ်သမားဈေးကွက်အခြေအနေဆက် လက်တင်းကျပ်နေဆဲဖြစ်တဲ့ အတွက် အလုပ်သမားလုပ်ခများကိုဆက်လက် မြင့်တက်စေခဲ့တာကို တွေ့ရပါတယ်။ ပုဂ္ဂလိက ကဏ္ဍမှာစုစုပေါင်းလုပ်ခက ၆ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်ကမြင့်တက်ခဲ့ တဲ့ ၅ ဒသမ ၇ ရာခိုင်နှုန်းနဲ့နှိုင်းယှဉ် ရင် သာလွန်လျက်ရှိနေတာကိုတွေ့ရ ပါတယ်။ Source.CNG နယူးဒေလီ နောက်လမှာကျင်းပမဲ့ သမ္မတ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အတွက် အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး ဟောင်း ပရာနပ်မူကာဂျီက ဇူလိုင် ၂၉ရက်က သက်ဆိုင်ရာ စာရွက်စာ တမ်းတွေနဲ့ အတူရုံးကိုတင်ပြ လျှောက်ထားခဲ့ပါတယ်။ သမ္မတ လောင်းစာရင် တင်သွင်းတာနဲ့ ပတ် သက်ပြီး အငြင်းပွားမှုများရှိနေပေမဲ့ အိန္ဒိယ သမ္မတ ပရာတီက ပတီးကို ဆက်ခံသူအဖြစ်ရွေးချယ်ဖို့အာဏာရ ပါတီက အသက် ၇၇ နှစ်အရွယ်ရှိတဲ့ သူ့ကို ရွေးခဲ့ပါတယ်။ Source.AFP ဘရပ်ဆဲလ် ယူရိုငွေကြေးကို မျှေ၀ သုံးစွဲ နေတဲ့ ၁၇ နိုင်ငံကခေါင်းဆောင်တွေ က သဘောတူစာချုပ်တစ်ခုကို ဇွန် ၂၉ ရက်က ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်အရအကျပ်အတည်းဒဏ်ခံရ တဲ့ အီတလီနဲ့ စပိန်တို့ကို ကူညီမဲ့ အရေးပေါ်အစီအစဉ်တွေပါဝင်သလို စီးပွားရေး မြှင့်တင်နိုင်အောင် ယူရို ဘီလီယံပေါင်းများစွာပေးဖို့လည်း စီစဉ်ထားပါတယ်။ညလုံးပေါက်နီးပါး အပြင်းအထန် ဆွေးနွေးပြီးနောက် ဘဏ္ဍာရေးဈေးကွက်တည် ငြိမ်ဖို့နဲ့ နောက်ထပ် အကျပ်အတည်း မဖြစ် စေဖို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း အီးယူ ဥက္ကဌ ဟာမန်းဗန်ရွန်ပိုင်က ပြော ပါတယ်။ Source.AFP
Background