Main menu

Background

တိုယိုတာက မျိုးစပ်နည်းပညာကို BMW သို့ ပေးမည်

Mon, 07/02/2012 - 08:50 -- Anonymous (not verified)

    လွန်ခဲ့တဲ့   ဒီဇင်ဘာက ဒီဇယ် အင်ဂျင်နဲ့ လျှပ်စစ်ကား ဘက်ထရီတွေ ထုတ်လုပ်ရေးအတွက်  သဘောတူညီ ချက်ရရှိပြီးတဲ့နောက် လုပ်ငန်းဆက်ဆံမှု ပိုမို  တိုးတက်ကောင်းမွန်ဖို့အတွက် တိုယိုတာ  မော်တာကော်ပိုရေးရှင်းက မျိုးစပ်နည်းပညာကို BMW  AG   သို့ ဖြန့်ဖြူးပေးဖို့ စီစဉ်နေကြောင်း နီကေး စီးပွားရေးနေ့စဉ်မှာ ဇွန် ၂၅ ရက်က ဖော်ပြထားပါတယ်။    တိုယိုတာရဲ့  ဥက္ကဋ္ဌဖြစ်သူ အကီ အိုတိုယိုဒါနဲ့  BMW   အမှုဆောင်ချုပ် ရောဘတ်ရီသိုဖာတို့က စီမံကိန်းသစ်ကို ကြေညာဖို့အတွက် ယခုရက်သတ္တပတ် အတွင်းမှာ အစည်းအဝေးလုပ်မယ်လို့ ပြောပါတယ်။ ဒီဇင်ဘာမှာ ဂျာမန်ကား ထုတ်လုပ်ငန်းကုမ္ပဏီ BMW   ဥက္ကဌ ရောဘတ်ရီသိုဖာတို့က ဒီဇင်ဘာမှာ တိုယိုတာနဲ့BMW   တို့ သတင်းစာ ရှင်း လင်းပွဲကျင်းပပါမယ်။ ၂၀၁၄ ခုနှစ်က စပြီး ဥရောပမှာ လျှပ်စစ်ကားသုံး လစ် သီယံဘက်ထရီ  သုတေသနအတွက် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။    ကမ္ဘာတစ်လွှားမှာ ချမှတ်ထားတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ လောင်စာဆီ အသုံးနည်းရေး   စံနှုန်းတွေပြည့်မီဖို့ အတွက် ကမ္ဘာ့ကားထုတ်လုပ်သူတွေ မှာ သုတေသနနဲ့  ဖွံ့ဖြိုးမှုအစီအစဉ်ကို ဆောင်ရွက်ရဖို့ ရှိပါတယ်။Source.Ref.reuters.com