Main menu

Background

ပိုမိုခိုင်မာတဲ့ EU ဖြစ်ဖို့ ဂျာမန်ဘဏ္ဍာရေးဝန်ကြီး နှိုးဆော်

Mon, 07/02/2012 - 08:52 -- Anonymous (not verified)

    "အဓိကကျတဲ့ နိုင်ငံရေးနယ်ပယ်တွေ''မှာ ဥရောပသမဂ္ဂ (အီးယူ) ကို အာဏာပါဝါပိုမိုပေးဖို့ ဂျာမန်ဘဏ္ဍာရေးဝန်ကြီး ဝုဖ်ဂန်ရွှန်းဘဲက နှိုးဆော် တိုက်တွန်းထားကြောင်း ဂျာမန်သတင်းစာ  Der  Spiegel  က ဇွန် ၂၃ ရက်က ဖော်ပြခဲ့ပါတယ်။    ''အမျိုးသားအစိုးရတွေက ဆုံးဖြတ်ချက်တွေကို ပိတ်ပင်တားဆီးမှုမရှိဘဲ အဓိကနိုင်ငံရေးနယ်ပယ်တွေမှာ ဘရပ်ဆဲ(မှာရှိတဲ့ ဥရောပသမဂ္ဂရုံး)ကို တာဝန် တွေ ပိုမိုလွှဲအပ်ပေးရမှာ ဖြစ်ပါတယ်" လို့ ရွှန်းဘဲက အပတ်စဉ်သတင်းနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောပါတယ်။    ဘဏ္ဍာရေးအကျပ်အတည်းကိုတိုက်ဖျက်ဖို့ထက် ဥရောပအတွက်ပိုမို ဆောင်ရွက်ဖို့ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က အကြိမ်ကြိမ်နှိုးဆော်ပြီး နောက်ပိုင်း ဝန်ကြီးရဲ့ နှိုးဆော်ချက် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။    အိန်ဂျလာမာကယ်ရဲ့ ခရစ်ယံဒီမိုကရက်တစ် ယူနီယံပါတီမှာ အဓိက ကျတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးက ဥရောပသမဂ္ဂရဲ့ အမှုဆောင် ကော်မရှင်ကို တကယ့်အစိုးရတစ်ရပ်အဖြစ် ပြောင်းချင်တဲ့ ဆန္ဒရှိပါတယ်။ ဥရောပ ပါလီမံကို ချဲ့ထွင်ပြီး ဥရောပကော်မရှင်သမ္မတကို ဥရောပနိုင်ငံတွေရဲ့ မဲဆန္ဒနဲ့ ရွေးချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဥရောပကို အမေရိကန် ပြည် ထောင်စု စနစ်နဲ့ ဂျာမနီလို ဖက်ဒရယ်သမ္မတနိုင်ငံအဖြစ် မရောက်အောင် ရွှန်းဘဲက သတိထားဆောင်ရွက်နေပါတယ်။ ဥရောပမှာ သူရဲ့ထူးခြားတဲ့သွင် ပြင်လက္ခဏာ ရှိတယ်လို့ သူကပြောပါတယ်။ ဥရောပမှာ သူ့ကိုယ်ပိုင်ဖွဲ့စည်း တည်ဆောက်မှုပုံစံရှိနေတယ်လို့ သူကပြောပါတယ်။    တစ်ခုတည်းသော  ယူရိုငွေကြေး ပြိုကွဲသွားမယ့်  အန္တရာယ်ကိုလည်း ဝန်ကြီးက သတိပေးပါတယ်။Source.AFP