Main menu

Background

ပင်လယ်ရပ်ခြားမှ ထိုင်းသံတမန်တို့က ပို့ကုန် အလားအလာကို တင်ပြ

Mon, 07/02/2012 - 08:55 -- Anonymous (not verified)

    ထိုင်းနိုင်ငံရဲ့ ယခုနှစ်အတွက် ဥရောပသမဂ္ဂ(အီးယူ) ကို တင်ပို့မှုက ၅ ရာခိုင်နှုန်း တိုးတက်မှာဖြစ်ရာ မူလ ခန့်မှန်း ထားတဲ့ ၁၀ ရာခိုင်နှုန်းရဲ့ ထက်ဝက်မျှသာရှိကြောင်း၊ သို့သော် အစိုးရက အစားအစာတင်ပို့မှုကို တိုးတက်အောင် ဆောင် ရွက်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။    ၂၀၁၁ ခုနှစ်က အီးယူသို့တင်ပို့မှု ဒေါ်လာ ၂၄ ဒသမ ၂ ဘီလီယံရှိခဲ့ရာ ၂၀၁၀ ပြည့်နှစ်ကထက် ၁၀ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ်ပထမငါးလအတွင်းမှာ  ထိုင်းနိုင်ငံက အီးယူ ၂၇ နိုင်ငံသို့ ကုန်ပစ္စည်း ဒေါ်လာ ၉ ဒသမ ၁၄ ဘီလီယံဖိုးတင်ပို့ခဲ့ရာ နှစ်အလိုက်တိုးတက်မှု ၁၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။    ဥရောပသားတို့က အိမ်တွင်းမှာ အစားများလာတဲ့ အတွက် ဥရောပမှာအစားအစာဝယ်လိုအား မြင့်တက်လာ သဖြင့် ထိုင်းလုပ်ငန်းများအတွက် အခွင့်အလမ်းတွေ ပွင့်လာ စေနိုင်ကြောင်း ရောမမြို့ရှိ ကူးသန်းရောင်းဝယ်ရေးရုံးမှ ညွှန်ကြားရေးမှူး ပါတာမာဆင်းဟာရ နာအယုဒ္ဓက ပြောပါ တယ်။    ပဲရစ်ရှိ ကူးသန်းရောင်းဝယ်ရေးရာ သံတမန် ပါကိုင်း ဆပ်ဒီဆဗာတီဆင်ဟာကလည်း ထိုင်းအစားအစာအတွက် ပို့ကုန်အလားအလာ များကို တွေ့မြင်ထားပြီး ထိုကဲ့သို့သော ကုန်ပစ္စည်းများကို ဟိုက်ပါမတ်ကတ်များအပေါ် တင်နိုင်မည့် နည်းလမ်းများ ရှာသင့်ကြောင်း ပြောကြားပါတယ်။    အရောင်းသမားများက ဥရောပသို့ပြောင်းရွှေ့သွားတဲ့ အတွက် အမေရိကန်ပြည်ထောင်စုမှာ မျှော်လင့်ထားတာ ထက်ပိုမိုလျင်မြန်စွာ အရှိုက်ထိုးခံရသလိုဖြစ်ပြီး ဈေးကွက် အပြိုင်အဆိုင်မှုတွေ ပြင်းထန်လာနိုင်ကြောင်း ဝါရှင်တန်ရှိ စီးပွားရေးကောင်စစ်ဝန် ကက်သီရိဆီရီပါကွန်က ပြောပါ တယ်။ အစိုးရက ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေကို ပိုမိုယှဉ်ပြိုင်  လာနိုင်အောင် အားပေးသင့်ကြောင်း အထူးသဖြင့် ပင်လယ် စာလုပ်ငန်းမှာ ဗီယက်နမ်နဲ့ တရုတ်ကိုယှဉ်နိုင်အောင် ဆောင် ရွက်သင့်ကြောင်း သူမကပြောပါတယ်။    အမေရိကန်ရွေးကောက်ပွဲက အမေရိကန်စီးပွားရေးကို စန်းပွင့်လာစေနိုင်တဲ့ အတွက် ထိုင်းပို့ကုန်လုပ်ငန်း ရှင်တွေကို အကျိုးဖြစ်ထွန်းစေနိုင်တယ်လို့ နယူးယောက်ရှိ စီးပွားရေး ကောင်စစ်ဝန် ဆွမ်ဂျင်ပလန်ခွမ်က ပြောပါတယ်။                               Source.bangkokpost.com