Main menu

Background

တရုတ် ဟင်းသီးဟင်းရွက် ဈေးနှုန်း ရက်သတ္တပတ် ခုနှစ်ပတ်မြောက် ကျဆင်း

Mon, 07/02/2012 - 08:54 -- Anonymous (not verified)

    ရောင်းလိုအား အလျှံအပယ်ဖြစ် နေတဲ့အတွက် တရုတ်ဟင်းသီးဟင်းရွက် ဈေးနှုန်းတွေက ရက်သတ္တပတ် ခုနှစ် ပတ်မြောက် ဆက်တိုက်ကျဆင်းခဲ့ပြီး ယခင် ရက်သတ္တပတ်အောက် ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းကြောင်း စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရှန်ဒန်ယန်းက ဇွန် ၂၆ ရက်ပြောပါတယ်။ ဝက်သားဈေး နှုန်းက လပေါင်းများစွာကျဆင်းခဲ့ပြီး နောက် တရုတ်နိုင်ငံရဲ့ ဝက်သား သို လှောင်မှု မူဝါဒရဲ့ အထောက်အကူဖြင့် ဈေးကွက် ဝယ်လိုအားမြင့်တက်လာ သည့်အတွက်မကြာသေးမီက ဝက်သား ဈေးနှုန်းဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်က သုည ဒသမ ၇ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း ရှန်းက ပုံမှန်ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။    တရုတ်နိုင်ငံက   ဈေးနှုန်းတွေ တည်ငြိမ်ဖို့နဲ့   ဝက်မွေးမြူသူတွေရဲ့ ဆုံးရှုံးမှုတွေကို ထိန်းချုပ်ဖို့အတွက် ဧပြီ လကစပြီး အေးခဲဝက်သားတွေကို သို လှောင်ထားခဲ့ပါတယ်။    ဝယ်လိုအား စန်းပွင့်လာခြင်း၊ ရောင်းလိုအားကျဆင်းခြင်းနဲ့ ထုတ် လုပ်မှု ကုန်ကျစရိတ်များမြင့်တက်ခြင်း စားသုံးဆီနဲ့ ရေထွက်ပစ္စည်းများရဲ့ ဈေး နှုန်းက ယခင် ရက်သတ္တပတ်က အနည်း ငယ်  မြင့်တက်ခဲ့ပါတယ်။ မြေပဲဆီရဲ့ လက်လီဈေးနှုန်းက  ရက်သတ္တပတ် အလိုက် သုည ဒသမ ၃ ရာခိုင်နှုန်း မြင့် တက်ခဲ့သလို ရေထွက်ပစ္စည်းများရဲ့ လက်ကားဈေးက သုည ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ကြက် သွန်ဖြူနဲ့ ကြက်ဥ၊ ဘဲဥဈေးများကျဆင်း စပြုနေပြီလို့ ရှန်းက ပြောပါတယ်။    "ဝန်ကြီးဌာနက လယ်ယာထွက် ကုန် ဈေးနှုန်း အတက်အကျကို အရေး တကြီးသဘောထားပြီး အတက်အကျ ပြဿနာကို အတတ်နိုင်ဆုံးဖြေရှင်းပေး နေပါတယ်'' လို့ သူက ပြောပါတယ်။Source.xinhua