Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 07/02/2012 - 08:58 -- Anonymous (not verified)

    အာရှဒေသတွင်းငွေကြေးများ သုံး လပတ်အလိုက်ဈေးနှုန်းကျဆင်းမှုများ ရှိနေပေမဲ့ စပိန်နဲ့အီတလီမှာ ဘဏ္ဍာ ရေးအခက်အခဲ များကိုလျော့ကျအောင် ဆောင်ရွက်ဖို့ ဥရောပခေါင်းဆောင် များက မမျှော်လင့်ဘဲသဘောတူခဲ့ကြ ပြီးနောက် ရင်းနှီးမြှုပ်နှံသူများက ရောင်း ထားသောငွေကြေးများကို ပြန်ဝယ်ခဲ့ ကြပါတယ်။ ဒါကြောင့် ဇွန်၂၉ ရက် မှာအာရှငွေကြေးအများစုတန်ဖိုးပြန် တက်လာတာကိုတွေ့ ရပါတယ်။ စင် ကာပူဒေါ်လာနဲ့ မလေးရှားရင်းဂစ်တို့ရဲ့ တန်ဖိုးများ  မြင့်တက်လာခဲ့သလို လ အကုန်မှာ   ပို့ကုန်လုပ်ငန်းရှင်များ က တောင်ကိုရီးယားဝမ် ကို  ပြန်ဝယ်တဲ့ အတွက် ဝမ်ဈေးမြင့်တက်ခဲ့ပါတယ်။    တစ်ရိပ်ရိပ်တက်နေတဲ့ အီတလီနဲ့ စပိန်တို့ရဲ့ ချေးငွေကုန်ကျစရိတ်မြင့် တက်နေတာကိုကျဆင်းအောင်အရေး ယူဆောင်ရွက်ဖို့နဲ့  ဥရောပဘဏ်သမဂ္ဂ ထူထောင်ရေး ပထမခြေလှမ်းအဖြစ် ယခုနှစ်ကုန်မှာ   ယူရိုဇုန်ဘဏ်များ အတွက် တစ်ခုတည်းသော ကြီးကြပ် ရေးအဖွဲ့  ဖွဲ့ဖို့  ယူရိုဇုန်ခေါင်းဆောင် တွေက သဘောတူခဲ့ကြပါတယ်။ ဒီသ ဘောတူညီချက်က  ယူရိုငွေကြေးကို သာမကစတော့ရှယ်ယာဈေးတွေကိုပါ တွန်းတင်ပေးခဲ့ပါတယ်။    " ဘဏ်တွေကို ရင်းနှီးငွေ ပြန်ဖြည့် ဖို့အတွက် ESM   ကယ်တင်ငွေ ကို  ကျွန်တော်တို့  သုံးနိုင်မှာဖြစ်လို့ ဒါက အပြောင်းအလဲတစ်ခုပါ"  လို့ ကွာလာလမ်ပူရှိ မေဘဏ်မှာ  အကြီး တန်းဝယ်ရောင်းသမားက ဥရောပတည် ငြိမ်ရေးယန္တရား European  Stability  Mechamism ကိုရည်ညွှန်းပြော ကြားပါတယ်။ ဇွန် ၂၉ ရက်ကငွေကြေး တန်ဖိုးတွေပြန်ဦးမော့လာတယ်ဆိုပေ မဲ့ အိန္ဒိယရူပီးနဲ့တရုတ်ယွမ်တို့လို တချို့ ငွေကြေးတွေက သုံးလပတ်အလိုက်ကျ ဆင်းမှုတွေရှိနေဆဲ ဖြစ်ပါတယ်။ တရုတ်ယွမ်    တရုတ်ဗဟိုဘဏ်ရဲ့ ဖလှယ်နှုန်းကို အနည်းငယ် လျှော့ချသတ်မှတ်လိုက် တဲ့အပြင်  လကုန်ရက်မှာ ဒေါ်လာ ဝယ်လိုအား ပြန်မြင့်လာပြီးနောက် ဇွန် ၂၈ ရက်နေ့က ဒေါ်လာနဲ့ဖလှယ်ရာမှာ ယွမ်ငွေကြေးရဲ့ လက်ငင်းဖလှယ်နှုန်းက အနည်းငယ်သာ ကျဆင်းခဲ့ကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။ သွင်းကုန်ကန်ထရိုက်စာချုပ်တွေကို အဲဒီအချိန်မှာ ပေးချေရတဲ့ အတွက် ဒေါ်လာ ဝယ်လိုအားက လကုန်ခါနီးမှာ ပြန်လည်မြင့်တတ်ပါတယ်။    တရုတ်ဗဟိုဘဏ်က ယွမ်တန်ဖိုး ကို ၂၇ ရက်က တစ်ဒေါ်လာကို ၆ ဒသမ ၃၁၉၀ ယွမ်နှုန်းသတ်မှတ်ခဲ့ပါ တယ်။ ဗဟိုဘဏ်ရဲ့ ပန်ကြားချက်အရ တချို့ဘဏ်တွေက ဈေးကွက်ထဲမှာ ဒေါ်လာတွေ ချရောင်းလာမဲ့အခြေ အနေရှိတဲ့အတွက် လာမဲ့ရက်အနည်း ငယ်အတွင်းမှာ ယွမ်ဈေးတွေ မြင့်တက် လာနိုင်တယ်လို့ တချို့ဝယ်ရောင်းသမား တွေက ခန့်မှန်းပါတယ်။ ဇွန်အကုန်မှာ ယွမ်တန်ဖိုးက ၆ ဒသမ ၃၅ ယွမ်နှုန်း ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းပါတယ်။ အိန္ဒိယရူပီး    ဇွန် ၂၈ ရက်နေ့မှာ အစိုးရက အထွေထွေလမ်းညွှန်ချက် (GAAR) ကို ထုတ်ပြန်ပါတယ်။ အီးယူခေါင်းဆောင် တွေ က ရေရှည်ဘဏ္ဍာရေးစည်းလုံးမှုရှိ ဖို့ သဘောတူခဲ့ကြတဲ့အပြင် ကယ်တင် မှုရန်ပုံငွေတွေကို တင်းကျပ်မှုမရှိ သုံးဖို့ သဘောတူခဲ့ပြီးနောက် ယူရိုနဲ့ရှယ်ယာ ဈေးနှစ်ခုစလုံးမြင့်တက်လာပါတယ်။    ဇွန် ၂၉ ရက်မှာ ရှယ်ယာဈေးတွေ လည်း မြင့်တက်လာပါတယ်။ ဇွန် ၂၉ ရက် မနက် ၉ နာရီ ၈ မိနစ်မှာ တစ် ဒေါ်လာကို ၅၆ ဒသမ ၆၄ ရူပီးနှုန်းရှိ ပြီး ဇွန် ၂၈ ရက်ရှိခဲ့တဲ့ ၅၆ ဒသမ ၈၀ ရူပီးနှုန်းထက် သုည ဒသမ ၂၈ ရာခိုင် နှုန်း (သုည ဒသမ ၁၆ ရူပီးနှုန်း) မြင့် တက်လာတာကို တွေ့ရပါတယ်။ ဂျပန်ယန်း    ဥရောပသမဂ္ဂ (အီးယူ) ထိပ်သီး အစည်းအဝေးက ရေရှည်ဖြစ်လာခဲ့တဲ့    ယူရိုဇုန်ေ<ကးမြီအကျပ်အတည်းကို ထိန်းချုပ်မဲ့နည်းလမ်းတွေကို ဖွင့်ပေး လိုက်တဲ့အတွက် ဇွန် ၂၈ ရက်မှာ ယူရို တန်ဖိုးက ဒေါ်လာနဲ့ဖလှယ်ရာမှာ ကျ ဆင်းခဲ့ပါတယ်။ ယူရိုငွေကြေးက ဒေါ် လာနဲ့ ဖလှယ်ရာမှာ ဇွန် ၂၇ ရက်က တစ်ယူရို ၁ ဒသမ ၂၄၆၇ ဒေါ်လာရှိခဲ့ ရာမှ ၂၈ ရက် ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၂၄၄၂ ဒေါ်လာထိ ကျဆင်းခဲ့ပါတယ်။ ယူရို တန်ဖိုးက ယန်းနဲ့ဖလှယ်ရာမှာလည်း ၉၉ ဒသမ ၃၈ ယန်းနှုန်းကနေ ၉၈ ဒသမ ၈၅ ယန်းထိ ကျဆင်းခဲ့ပါတယ်။ ဒေါ်လာတန်ဖိုးက တစ်ဒေါ်လာကို ၇၉ ဒသမ ၇၁ ယန်းကနေ ၇၉ ဒသမ ၄၅ ယန်းထိ ကျဆင်းခဲ့ပါတယ်။ မလေးရှားရင်းဂစ်    မလေးရှားနိုင်ငံ ပြင်ပမှာ ကမ္ဘာ့ ဒေါ်လာဝယ်လိုအားကျဆင်းမှုကို စိုး ရိမ်မှုနဲ့အတူ  ပြည်တွင်းဝယ်လိုအား ကြောင့် ဒေါ်လာနဲ့  ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးက အနည်းငယ်မြင့်တက် လာကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။    ရင်းဂစ်တန်ဖိုးက ဇွန် ၂၈ ရက် ညနေ ၅ နာရီမှာ တစ်ဒေါ်လာ ၃ ဒသမ ၁၉၅၅ ရင်းဂစ်နှုန်းမှ ၂၉ ရက် မနက် ၉ နာရီ ၉ မိနစ်က တစ်ဒေါ်လာ ကို ၃ ဒသမ ၁၉၃၅ ရင်းဂစ်နှုန်းရောက် တဲ့ထိ ရင်းဂစ်တန်ဖိုး  မြင့်တက်ခဲ့ပါ တယ်။ တောင်ကိုရီးယားဝမ်    ဒေသတွင်းရှိ ကြွေးထူနေတဲ့ နိုင်ငံ တွေကို အကူအညီပေးရေးကိစ္စကို ဥရောပခေါင်းဆောင်တွေက တိုးတက် အောင် ဆောင်ရွက်နိုင်ခဲ့ပြီးေ နာက်ပိုင်း တောင်ကိုရီးယားဝမ်ငွေကြေးတန်ဖိုးက ရက်သတ္တပတ်ခုနှစ်ပတ်အတွင်း အမြင့် ဆုံးဖြစ်ခဲ့ပါတယ်။ အစိုးရဘွန်းစာချုပ် တွေ တန်ဖိုးကျခဲ့ပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာနက နိုင်ငံစီးပွားရေးတိုးနှုန်း ကို ယခုနှစ်အတွက် ၃ ဒသမ ၃ ရာခိုင် နှုန်းလျှော့ ချခန့်မှန်းပြီးနောက် စောစော ပိုင်းက ဝမ်တန်ဖိုးအနည်းငယ်ကျခဲ့ပါ တယ်။    ဒါပေမယ့် ဇွန် ၂၉ ရက်မှာ ဝမ် တန်ဖိုးက ဆိုးလ်မြို့မှာ တစ်ဒေါ်လာကို ၁၁၄၅ ဒသမ ၄၀ ဝမ်နှုန်းရှိပြီး သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာတာ တွေ့ရပါတယ်။ ထိုင်းဘတ်    သွင်းကုန် လုပ်ငန်းရှင်များရဲ့ အမေရိကန်ဒေါ်လာဝယ်လိုအားက ပို့ ကုန်လုပ်ငန်းရှင်များရဲ့ ဘတ်ဝယ်လို အားထက် သာလွန်တဲ့အတွက် ထိုင်း ဘတ် တန်ဖိုးက ဇွန် ၂၈ ရက်မှာ ရက် သတ္တပတ်သုံးပတ်အတွင်း အနိမ့်ဆုံးကို ကျခဲ့ပါတယ်။    ဒါပေမယ့် ဇွန် ၂၉ ရက်မှာ အမေ ရိကန် အိမ်အရောင်းအဝယ်တက်ခဲ့တဲ့ အပြင်တာရှည်ခံကုန်ပစ္စည်းအမှာစာတွေ တက်လာတာနဲ့ တရုတ်က စီးပွားရေးကို တွန်းအားပေးဖို့ ခြေလှမ်းပြင်လာ တာ ကြောင့် ဘတ်ငွေတန်ဖိုး ပြန်တက်ခဲ့ပါ တယ်။ဇွန် ၂၈ ရက်ကတစ်ဒေါ်လာ ၃၁ ဒသမ ၈၈ ဘတ်နှုန်းမှ ၃၁ ဒသမ ၈၇ နှုန်းထိမြင့်တက်လာတာတွေ့ရပါတယ်။Source.bloomberg,brecorder, ndtv,reuters