Main menu

Background

ယူရိုဇုန်အကျပ်အတည်းကြောင့် ကိုရီးယား-အီးယူ FTA ထိရောက်မှုနည်း

Mon, 07/02/2012 - 09:01 -- Anonymous (not verified)

    ယူရိုဇုန်ဘဏ္ဍာရေးအကျပ်အတည်း က ယူရိုဒေသရဲ့ ပို့ကုန်ဝယ်လိုအားကို ထိုင်းမှိုင်းသွားစေတဲ့အတွက် တောင် ကိုရီးယားနဲ့ ဥရောဂသမဂ္ဂ (အီးယူ) တို့ရဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူ ညီချက် (FTA) ရဲ့ ထိရောက်မှုကို အား နည်းစေခဲ့ပါတယ်။ ဒါပေမယ့် FTA က တောင်ကိုရီးယားနိုင်ငံအတွင်းသို့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။       ၂၀၁၁ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး FTA စတင်အကျိုးသက်ရောက်ခဲ့ပြီးတဲ့ အချိန်ကစပြီး ယခုနှစ် ဇွန် ၁၅ ရက် အထိ အီးယူသို့ ကိုရီးယားရဲ့ပို့ကုန်က အလျင်နှစ်ကနဲ့နှိုင်းယှဉ်ရင် ၁၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဘဏ္ဍာ ရေးအကျပ်အတည်းကြောင့် သင်္ဘော တည်ဆောက်ရေး  အမှာစာတွေ  ကျ ဆင်းခဲ့လို့ ပို့ကုန်တွေ ယခုလို အကြီး အကျယ်  ကျဆင်းရတာဖြစ်တယ်လို့ တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးဌာန က   ယခင်ရက်သတ္တပတ်အတွင်းက ပြောပါတယ်။   တောင်ကိုရီးယားရဲ့ အီးယူသို့   သင်္ဘောတင်ပို့မှုက  ၄၇ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။    ဒါပေမယ့်   ဥရောပနိုင်ငံတော် ကြွေးမြီအကျပ်အတည်းလို ပြည်ပမှာ  ဖြစ်ပေါ်နေတဲ့  အခြေအနေတွေက အခွင့်သာတဲ့  အခြေအနေမရှိပေမဲ့ FTA က တောင်ကိုရီးယားစီးပွားရေးကို  မြင့်တက်အောင် အထောက်အကူဖြစ်ခဲ့ တယ်လို့တော့ ဝန်ကြီးဌာနက ပြောပါ တယ်။ အပြုသဘောဘက်ကကြည့်ရင် မော်တော်ကား၊ မော်တော်ကားအစိတ် အပိုင်းနဲ့ ရေနံထွက်ကုန်တွေ အပါအဝင် FTA  က ဆောင်ရွက် အခွန်လျှော့ချ ထားတဲ့ ပစ္စည်းတွေ တင်ပို့မှုက ၂၀ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။    ကိုရီးယား-အီးယူ FTA  အရ အကျိုးဖြစ်ထွန်းတဲ့ အမယ်တွေကို တင် သွင်းမှုက ၁၂ ဒသမ ၉ ရာခိုင်နှုန်းမြင့် တက်ပါတယ်။  တောင်ကိုရီးယားက ဥရောပရေနံစိမ်းကို စတင်တင်သွင်းလာ တဲ့အတွက် ဖြစ်ပါတယ်။ ထွက်ကုန်တွေ တင်သွင်းမှုက နှစ်ဆကျော်မြင့်တက်ခဲ့ ပါတယ်။   FTA  နဲ့ဆက်နွယ်မှုမရှိတဲ့ အမယ် တွေရဲ့ တင်သွင်းမှုကလည်း ၁၄ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပါတယ်။ အီးယူ က တင်သွင်းတဲ့ ကွန်ပျူတာနဲ့ ဆက် သွယ်ရေးကိရိယာတွေက အကောက် ခွန်လွတ်ဖြစ်ပြီး ၂၇ ဒသမ ၈ ရာခိုင်နှုန်း နဲ့ ၁၄ ဒသမ ၆ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ပါတယ်။    သို့သော် FTA  ကြောင့် ကိုရီးယား နိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ ဒေသတစ်ခု အဖြစ် နိုင်ငံခြားသားတွေက ရှုမြင်လာ ပါတယ်။ Source:Koreaherald.com