Main menu

Background

တရုတ်ဘဏ်များ သြစတြေးလျကို ရည်မှန်းချက်ထား

Mon, 07/02/2012 - 09:01 -- Anonymous (not verified)

     Industrial & Commercial  Bank  of  China  Ltd. ( ICBC )   ဘဏ် အပါအဝင် တရုတ်ဘဏ်တွေက သြစတြေးလျရဲ့ချေးငွေဈေးကွက်ဖြစ်တဲ့ အစုအဖွဲ့ ချေးငွေဈေးကွက်   ( Syndicated  Loan  Market) အတွင်းကိုဝင်ရောက်ဖို့ ကြိုး ပမ်းလျက်ရှိပါတယ်။ သြစတြေးလျဈေးကွက်ဘက်ကို ဦးလှည့်တာဟာကြွေးထူနေ တဲ့ ဥရောပဘဏ်တွေနေရာမှာ အစားထိုးဖို့နည်းလမ်း ရှာလာတာ ဖြစ်ပါတယ်။    အထူးသဖြင့် တရုတ်နဲ့ ဂျပန်ဘဏ်တွေဖြစ်တဲ့ အာရှဘဏ်တွေက ယခုနှစ် အတွင်းသြစတြေးလျမှာ ထုတ်ခဲ့တဲ့ အစုအဖွဲ့ချေးငွေအသစ်တွေရဲ့ ၂၁ ရာခိုင်နှုန်း လောက် ပါဝင်နေတာတွေ့ရကြောင်း အမေရိက မာရီလင့်ချ်ဘဏ်က ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။    " သြစတြေးလျက ကျွန်တော်တို့အတွက် တကယ်အရေးပါတဲ့ ဈေးကွက်ဖြစ်ပါ တယ်။ ကော်ပိုရိတ်လုပ်ငန်း ဖောက်သည်တွေကို အပြန်အလှန် တိုက်ရိုက်ထုတ်ချေး တဲ့ လုပ်ငန်းကလည်းကြီးထွားနေပါတယ်" လို့  ICBC  ဘဏ်ရဲ့ ဆစ်ဒနီအခြေစိုက် ဘဏ်ခွဲရဲ့ အကြီးအကဲကပြောပါတယ်။ ဒီဘဏ်ကဈေးကွက်တန်ဖိုးအရ အကြီးဆုံး ဘဏ်ဖြစ်ပါတယ်။    အစုအဖွဲ့ချေးငွေတွေက ငွေထုတ်ချေးမဲ့ဘဏ်  အမြောက်အမြား လိုအပ်ပြီး သြစတြေးလျရှိ အကြီးစား သတ္တုတွင်းလုပ်ငန်းနဲ့ စွမ်းအင်စီမံကိန်းတွေအတွက် ထူးခြားတဲ့ချေးငွေပုံစံတစ်ခု ဖြစ်ပါတယ်။ ပြဌာန်းထားပြီးဖြစ်တဲ့ သယံဇာတစီမံကိန်း တွေအတွက် ငွေအရင်းအနှီးအဖြစ် သြစတြေးလျဒေါ်လာ ဘီလီယံ ၄၅၀ (အမေရိ ကန်ဒေါ်လာ ၄၅၁ ဒသမ ၄ ဘီလီယံ) လိုအပ်မယ်လို့ အစိုးရကခန့်မှန်းထားပါတယ်။ သြစတြေးလျသံရိုင်းနဲ့ ကျောက်မီးသွေးတင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို တရုတ် နိုင်ငံကဝယ်ယူနေပြီး သြစတြေးလျရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုအခါ သြစတြေးလျပြည်တွင်းနဲ့ ဥရောပပြိုင်ဘက်တွေ လွှမ်းမိုးနေတဲ့ ငွေကြေးဈေးကွက်ထဲမှာ အခွင့်အလမ်းတွေရှာဖွေဖို့ ကြိုးပမ်းနေပါတယ်။Source.wsj.com