Main menu

Background

ကမ္ဘာ့စီးပွားရေးလုပ်ငန်း အမှုဆောင်များက ကမ္ဘာ့စီးပွားရေး ရှေ့အလားအလာကို အားမရ

Mon, 07/02/2012 - 09:04 -- Anonymous (not verified)

  ယူရိုဇုန်အကျပ်အတည်းရဲ့ရိုက်ခတ်မှုကြောင့် ကမ္ဘာ့စီးပွားရေး အလားအလာများက ပိုမိုမှေးမှိန်လာတယ်လို့ ကမ္ဘာတစ်လွှား စီးပွားရေးလုပ်ငန်း အမှုဆောင်များက ပိုမိုယုံကြည်လာကြောင်း မက်ကင်ဆီအင်ကုမ္ပဏီက အသစ်ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဇွန် ၂၆ ရက်ကတွေ့ရပါတယ်။ ဇွန်လဆန်းက အမှုဆောင် ၁၃၄၉ ဦးကို စစ်တမ်း ကောက်ယူခဲ့ရာ တစ်ဝက်က ယခုနှစ်ကျန်အချိန်များအထိ စီးပွားရေး ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ယုံကြည်ကြပြီး ၂၀ ရာခိုင်နှုန်း က ပိုမိုကောင်းမွန်လာမယ်လို့ ယုံကြည်ကြပါတယ်။    ယခုရလဒ်က လွန်ခဲ့တဲ့သုံးလကနဲ့ နှိုင်းယှဉ်ရင် လုံး၀ ပြောင်း ပြန် ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီ စစ်တမ်းမှာ အခြေအနေ ပိုဆိုးမယ်လို့ ပြောတဲ့သူက ၂၀ ရာခိုင်နှုန်းရှိပြီး စီးပွားရေး ပြန် ထောင်လာလိမ့်မယ်လို့ ပြောသူက ၄၃ ရာခိုင်နှုန်းရှိပါတယ်။    '' ဒီရလဒ်တွေက ယူရိုဇုန်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မရေရာမှုတွေနဲ့ ဆက်နွှယ်နေတယ်ဆိုတာကို သံသယ ဖြစ်စရာမရှိပါဘူး။ စစ်တမ်းမှာပါဝင်သူတွေရဲ့ ၄၆ ရာခိုင်နှုန်းက နောက် ခြောက်လအတွင်းမှာ စီးပွားဆုတ်ကပ် ဖြစ်မယ်လို့ ယူဆ နေကြပါတယ်" လို့ မက်ကင်ဆေးက ပြောပါတယ်။    ဒါပေမဲ့ ယူရိုဇုန်ကစစ်တမ်းမှာ ပါဝင်သူတွေက ပိုပြီးအကောင်း မြင်ကြတယ်။ ဒီဒေသမှာရှိတဲ့အမှုဆောင် တွေရဲ့ ၃၂ ရာခိုင်နှုန်းက သာ စီးပွားဆုတ်ကပ်ဖြစ်မှာကို မြင်ကြတယ်လို့ ဆိုပါတယ်။     မိမိတို့နိုင်ငံများနဲ့ပတ်သက်တဲ့အမြင်တွေကလည်း ပြောင်းလဲ လာတာတွေ့ရပါတယ်။ လွန်ခဲ့တဲ့သုံးလက မိမိတို့နိုင်ငံ စီးပွားရေး ကို အကောင်းမြင်ခဲ့သူအများစု အဆိုးဘက်ကို ပြောင်းမြင်လာ တာကိုတွေ့ရပါတယ်။ နောက်ခြောက်လမှာ အခြေအနေ ဆိုးလာ မယ်လို့ပြောတဲ့သူက တစ်ဝက်ကျော် ရှိနေပါတယ်။    ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီတွေရဲ့အခြအနေ ကောင်း လာလိမ့်မယ်လို့ အများစုက ပြောပါတယ်။ ၂၀၁၂ ခု ဒုတိယ နှစ်ဝက်မှာ သူတို့ကုမ္ပဏီ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကျဆင်း မယ်လို့ ယုံကြည်သူက ၁၅ ရာခိုင်နှုန်းသာရှိပြီး အကျိုးအမြတ်တွေ ရနိုင်တယ်လို့ တစ်ဝက်ကျော်က ပြောပါတယ်။Source.AFP