အာဆီယံစီးပွားရေးအသိုက်အဝန်း ( AEC ) အတွက် ကြိုတင်ပြင်ဆင်မှုအစီအမံတစ်ရပ်အဖြစ် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတို့က အရေးပေါ်ကာလအခြေအနေမျိုး ဆောင်ရွက် ရမဲ့ အစားအစာဘေးကင်းရေးမဟာဗျူဟာကို ချမှတ်ရန် ဘင်္ဂလားဒေ့ရှ်၊ ဂျပန်နဲ့ သြစတြေးလျတို့နဲ့ အတူ ပူးတွဲဆောင် ရွက်ခဲ့ပါတယ်။ အများပြည်သူ ကျန်းမာရေး ဆွေးနွေးပွဲကို ထိုင်းကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာ ဆူရာဝစ်ခွန်ဆွမ် ဘွမ်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံ၊ ဘင်္ဂလား ဒေ့ရှ်၊ ဂျပန်နဲ့ သြစတြေးလျမှ လယ်ယာစိုက်ပျိုးရေး ကျွမ်း ကျင်သူများနဲ့ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ အရေးပေါ်အခြေအနေမှာ ဆောင်ရွက်ရမဲ့ အစားအစာ ဘေးကင်းရေး ဒေသဆိုင်ရာ စီမံချက်ကို ဆွေးနွေး ခဲ့ကြပါတယ်။ ဆွေးနွေးပွဲက ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာန၊ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO)နဲ့ အာရှ ပစိဖိတ်ဒေသရုံးတို့ ပူးတွဲကျင်းပတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အစားအစာဘေးကင်းရေးပြဿနာများကို ကြီးကြပ်ဖို့အတွက် အစားအစာဘေးကင်းရေး တိုးချဲ့ဆောင် ရွက်ရေးနဲ့ ထောက်ပံ့ရေးအဖွဲ့ (BFSES ) ကို ဖွဲ့စည်းထား ကြောင်း ဒေါက်တာဆူရာဝစ်က ပြောပါတယ်။ BFSES က အရေးပေါ်ကာလ မှာ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ အေဂျင်စီများကို ပေါင်းစပ်ညှိနှိုင်းဖို့အတွက် အပြည်ပြည် ဆိုင်ရာ အစားအစာ ဘေးကင်းရေး အာဏာပိုင် ကွန်ရက် အဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အရေးပေါ် သတိပေးချက်စနစ်နဲ့ အစား အစာဘေးကင်းရေးလုပ်ငန်းတိုးချဲ့ဖို့အတွက်လောလောဆယ် မှာအရေးပေါ် အစားအစာဘေးကင်းရေးနဲ့ ပတ်သက်တဲ့မဟာ ဗျူဟာကို စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့နဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ တို့ရဲ့ အခြေခံမူတွေနဲ့အညီ ဆောင်ရွက် ထားပါတယ်။ ဒီစီမံချက်ကို နှစ်အနည်းငယ်အတွင်း အပြီး သတ်ဆောင်ရွက်နိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။ ၂၀၁၅ ခု AEC အကောင်အထည် ဖော်တာနဲ့ အချိန်မီ ဖြစ်မယ်လို့ လည်း ခန့်မှန်းထားပါတယ်။ Source.pattayamail.com
Background