ယူရိုဇုန်အကျပ်အတည်းက ဈေးကွက်အပေါ်ယုံကြည်မှုကို မကျန်သလောက် ကျဆင်းစေပြီး အရေးကြီးတဲ့အဆင့်ကိုရောက်ရှိနေပါတယ်။ ဒါကြောင့်ထိုင်း စီးပွား ရေးလုပ်ငန်းတွေက အကျပ်အတည်းရဲ့ သွယ်ဝိုက် ဂယက်ရိုက်ခတ်မှုကို ကြံ့ကြံ့ခံ နိုင်အောင်ကြိုးပမ်းဆောင်ရွက်နေ ရပါတယ်။ ထိုင်းနိုင်ငံရဲ့ စက်အစိတ်အပိုင်းတွေကို အဓိကတင်သွင်းနေတဲ့ နိုင်ငံတွေအပေါ် မှာ သွယ်ဝိုက်အကျိုး သက်ရောက်မှုတွေရှိလာမှာကို စိုးရိမ်ကြောင်း ထိုင်းအမျိုးသား သင်္ဘောသယ်ယူပို့ဆောင်ရေးကောင်စီ ဒုတိယ ဥက္ကဌ မာလော့ဗီတာ နာခွန်က ပြောပါတယ်။ အစိုးရအစီအမံတွေအရ ဆောင်ရွက်တဲ့ ပို့ကုန်က ၁၀ ရာခိုင်နှုန်းနဲ့ အစိုးရ အစီအမံမပါဘဲဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက ၈ ရာခိုင်နှုန်းတိုးတက် လာနိုင်ကြောင်း သူ့ရဲ့ခန့်မှန်းချက်အရ သိရပါတယ်။ ဖြစ်လာမဲ့ဂယက်ကို အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ထိုင်းစက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ တာနစ်ဆိုရက်က ပြောပါတယ်။ "ဇွန်အတွက် စာရင်းဇယားတွေထွက်လာတဲ့အထိ ကျွန်တော်တို့စောင့်ကြည့် ရပါမယ်။ အစိုးရကထိရောက်တဲ့ အစီအမံတွေကိုဆောင်ရွက်လာလိမ့်မယ်လို့ ခန့် မှန်းပါတယ်''လို့ သူကပြောပါတယ်။ သူတို့ရဲ့ ကုန်သွယ်ဖက်တွေဆီက ငွေပေး ချေမှုကြန့်ကြာ တာနဲ့ အမှာစာတွေကျဆင်းရာမှတစ်ဆင့် ပို့ကုန်လုပ်ငန်းရှင်တွေကို ထိခိုက်မှု ဖြစ်စေပါတယ်။ လက်ဝတ်ရတနာ၊ ကွန်ပျူတာ၊ ကွန်ပျူတာ အစိတ်အပိုင်းများကဲ့သို့သော အရေးတကြီးမဟုတ်တဲ့ ကုန်ပစ္စည်းတွေက အပြင်းအထန်ဆုံး ထိခိုက်ခံရပြီး အေးခဲ ပုစွန်တွေက ဥရောပဈေးကွက်ကို မှီခိုနေရကြောင်း သူကပြောပါတယ်။Source.bangkokpost.com
Background