Main menu

Background

အိန္ဒိယဈေးကွက်အများစုမှာ ယခုတစ်ပတ်မှာလည်း မတ်ပဲဈေး ဆက်တိုး

Sun, 07/08/2012 - 05:03 -- Anonymous (not verified)

    အိန္ဒိယဈေးကွက်အများစုမှာလည်း မတ်ပဲဈေးဆက်တိုးလာပါတယ်။ မွန်ဘိုင်း ဈေးကွက်မှာတော့ မြန်မာ့မတ်ပဲဈေးက အပြောင်းအလဲရှိနေပါတယ်။ ဈေးကွက် များကို ဝင်ရောက်မှုနည်းလာပြီး အဝယ်တက်တာကြောင့် ဈေးမြင့်ခဲ့ခြင်းဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ ဈေးအနိမ့်နဲ့  ရောင်းချမှုများလာတာကြောင့် ဒေသတွင်းဈေးကွက်ကို မတ်ပဲဝင်ရောက်မှု  ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တိုးမြင့်ခြင်းကလည်း လက်ငင်းဈေးကွက်မှာ မတ်ပဲဈေးကို ခိုင်မာစေသလို မတ်ပဲခွဲခြမ်းဈေးမှာလည်း မြင့်နေခြင်း ဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်မှာ မွန်ဘိုင်းဆိပ်ကမ်းကို မြန်မာမတ်ပဲကွန်တိန်နာ ၁၀ လုံး ဝင် ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/တန်                                 ၅-၇-၁၂    ၄-၇-၁၂    ၃-၇-၁၂    ၂-၇-၁၂မွန်ဘိုင်း(မြန်မာမတ်ပဲ)       ၆၃၂         ၆၂၈        ၆၃၉         ၆၃၁ဒေလီ                            ၆၇၂         ၆၇၈         ၆၇၅        ၆၆၃ချန်နိုင်း                         ၆၂၃          ၆၂၈           -           ၆၃၆MIRT(MAPT)