ပြည်ပကို ပဲစင်းငုံတင်ပို့မှု ဆက်လက်အားကောင်းနေပါတယ်။ ဇွန် ၂၅ ရက်မှ ၂၉ ရက်ထိ တစ်ပတ်အတွင်း ပဲစင်းငုံတန်ချိန် ၁၄၀၀၀ နီးပါးတင်ပို့ခဲ့ပြီး ဇွန် တစ်လလုံးမှာတန်ချိန် ၅၄၀၀၀ ကျော်ထိ တင်ပို့မှု တိုးတက်ခဲ့ပါတယ်။ ၂၀၁၂ မေမှာ တန်ချိန် ၃၅၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ၂၀၁၁ ဇွန်လအတွင်းမှာ တန်ချိန် ၂၁၀၀၀ ကျော်သာတင်ပို့နိုင်ခဲ့လို့ ယခုနှစ် ဇွန်မှာ တင်ပို့မှုသိသိသာသာ ပိုနေပါ တယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန် ၂၉ ရက်အထိ စုစုပေါင်းတင်ပို့ပြီးစီးမှုမှာ တစ်သိန်း ကျော်ပြီး ကန်ဒေါ်လာ ၅၉ သန်းခန့် ရရှိခဲ့လို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၇၀၀၀ ကျော်မှ ကန်ဒေါ်လာ ၃၅ သန်းခန့်နဲ့ ယှဉ်ရင် ယခုနှစ်မှာ ပမာဏ အားဖြင့် ၁ ဆကျော် ပိုတင်နိုင်ခဲ့ပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT
Background