Main menu

Background

တောင်ကြီးဈေးကွက်က ပဲစင်းငုံပေါက်ဈေး

Sun, 07/08/2012 - 05:16 -- Anonymous (not verified)

    ဒီနှစ်ထွက်တဲ့ ပဲစင်းငုံက ပေါ်ကာစ ဇန်နဝါရီလမှာ တစ်ပိဿာ ၇၀၀ ကျပ် ဈေးနဲ့စပြီး ဈေးကွက်ကို ဝင်လာပါတယ်။ အဟောင်းလက်ကျန်တွေကလည်း ရှိနေ သေးတာကြောင့် အဟောင်းတွေကတော့ တစ်ပိဿာကို ၆၈၀ ကျပ်ဈေးပေါက်ပါ တယ်။ အဟောင်းတွေကိုတော့ အကျဈေးနဲ့သာထုတ်ရောင်းနေကြရတယ်လို့ လည်း သိရပါတယ်။ ၂ လပိုင်းမှာတော့ ဈေးပြန်ကျလာပြီး၊ အသစ်ကတစ်ပိဿာ ၆၇၀ ကျပ်၊ အဟောင်းကတစ်ပိဿာ ၆၅၀ ကျပ်ဈေးသာ ရှိပါတော့တယ်။ အဟောင်း တွေ ကုန်သလောက်ဖြစ်သွားတဲ့ ၃ လပိုင်းမှာ အသစ်ကဈေးနည်းနည်း ပြန်တက် လာပြီး တစ်ပိဿာ ၇၁၀ ကျပ်၊ ၇၅၀ ကျပ် ဈေးရှိလာပါတယ်။ ၃လပိုင်းတစ်လလုံး အဲဒီဈေးနဲ့သာရှိနေပြီး၊ ၄ လပိုင်းမှာ ဈေးပြန်ကျလာပါတယ်။ တစ်ပိဿာကို အနိမ့်ဆုံး ၅၂၀ ကျပ်မှ အမြင့်ဆုံး ၆၅၀ ကျပ်ဈေးနဲ့ ၆ လပိုင်းလလယ်ထိ ဈေးကမကောင်းခဲ့ပါဘူး။ ၆ လပိုင်းကုန်လောက်မှ ပဲစင်းငုံက အရောင်းသွက်လာပြီး  ဈေးကလည်းပြန်တက်လာပါတယ်။ တစ်ပိဿာ ၅၆၀ ကျပ်မှ ၇၂၀ ကျပ်အထိရှိ လာပြီး၊ ရန်ကုန်ဝယ်လက်တွေ ဝယ်လာတာကြောင့် ဟိုပုံးမှာ ထိပ်စလို့ခေါ်တဲ့ ရွှေဖလားမျိုး ပဲစင်းငုံတွေကုန်သလောက်ဖြစ်နေပြီလို့လည်း သိရပါတယ်။ ၇ လပိုင်းလဆန်းမှာ ဈေးထပ်တက်လာပါတယ်။ ဒီတစ်ပတ်တောင်ကြီးဈေးကွက်မှာ ပဲစင်းငုံ တစ်ပိဿာပေါက်ဈေးနှုန်းက ပဲစင်းငုံနီသေး ၈၅၀ ကျပ်၊ ၈၆၀ ကျပ်၊ ပဲစင်းငုံနီကြီး ၇၅၀ ကျပ်၊ ပဲစင်းငုံဖြူကြီး ၇၀၀ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ဧဧခိုင်