အခြားပဲအုပ်စုဝင်ထဲမှာ ပဲလွန်းနဲ့ မြေထောက်ပဲ ရောင်းဝယ် တင်ပို့မှု လျော့ပြီး ထောပတ်ပဲမှာ အသင့် အတင့် ရှိနေပါတယ်။ ယခင်တစ်ပတ် က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ပဲလွန်းဖြူတန် ၄၂၀ ကျော်၊ မြေ ထောက် ၃၇၅ တန်၊ ထောပတ်ပဲ တန် ၆၀၀ ကျော် ရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၂၅-၂၉ ရက်) အတွင်းမှာ ပဲလွန်း ၉၆ တန်၊ မြေထောက် ၇၃ တန် နဲ့ ထောပတ်ပဲ တန် ၅၈၀ ခန့် တင်ပို့ နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ် ပတ်အတွင်း ပဲလွန်းဖြူမှာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းကို တင်ပို့ပြီး မြေထောက် ပဲမှာ ဂျပန်၊ စင်ကာပူ၊ တရုတ်နဲ့ ထိုင်း တို့ကို တင်ပို့ကြောင်း သိရပါတယ်။ ထောပတ်ပဲမှာလည်း ဂျပန်၊ တရုတ်နဲ့ ထိုင်းတို့ကို တင်ပို့ခဲ့ကြောင်း သိရပါ တယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အတွင်း မြေ ထောက်ပဲ ၅ တန်၊ ပဲလွန်းဖြူ တန် ၄၀၀ ကျော်နဲ့ ထောပတ်ပဲ တန်ချိန် ၇၆၀ ကျော်အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ပို့ကုန် ဝင်ငွေ တစ်ဒေါ် လာ တန်ဖိုး တိုးလာတာကြောင့် FOB ဈေးများလဲ တိုးခဲ့ရာ ဇူလိုင် ၆ ရက်မှာ ပဲလွန်းဖြူ FAQတစ်တန် ကန်ဒေါ်လာ ၆၈၀-၇၀၀၊ SQ တစ်တန် ကန်ဒေါ်လာ ၈၁၀-၈၃၀၊ မြေထောက်ပဲ FAQ တစ် တန် ကန်ဒေါ်လာ ၉၁၀-၉၃၀ နဲ့ ထောပတ်ပဲမှာ ကန်ဒေါ်လာ ၅၅၀-၅၇၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT - MAPT
Background