ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့ရာမှ အိန္ဒိယဈေးကွက်ကို အနည်းငယ် သာရှိပြီး အဓိကအားဖြင့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အာရပ်စတဲ့ အရည်အသွေးကောင်း ဈေးကွက်တွေကိုသာ တင်ပို့မှုရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်လိုပဲ ယခုတစ်ပတ်မှာလည်း တန်ချိန် ၂၉၀၀ ကျော်သာ တင်ပို့နိုင် ကြောင်း သိရပါတယ်။ ဇွန်တစ်လလုံးမှာ ပဲတီစိမ်း တန်ချိန် ၁၃၀၀၀ နီးပါး တင်ပို့ခဲ့ပြီး မေလအတွင်းမှာ တန်ချိန် ၄၃၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁ ဇွန်လအတွင်း ပဲတီစိမ်းတန်ချိန် ၁၁၀၀၀ ကျော်သာ တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန် ၂၉ ရက်အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် တစ်သိန်းကျော်ရှိပြီး ကန်ဒေါ်လာ ၇၅ သန်းခန့်ရရှိထားရာ ယခင် ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၉၂၀၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၀၂ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်မှာ ပမာဏပိုမိုတင်ပို့နိုင်ပေမဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၃၇ သန်းကျော်လျော့ကျကြောင်း သိရပါတယ်။MIRT - MAPT
Background