ပြည်တွင်းလက်ကျန်နည်းလာပြီဖြစ်သလို လှောင်လက်များက ဈေးထိန်းပြီးရောင်းနေကြတဲ့အတွက် ဝယ်သူတစ်ဈေး ရောင်းသူ တစ်ဈေးဖြစ်နေလို့ အရောင်းအဝယ်ရော တင်ပို့မှုပါ လျော့နေကြောင်း သိရပါတယ်။ ယခုတစ်ပတ် ဇွန် ၂၅-၂၉ ရက်အတွင်း ကုလားပဲတန်ချိန် ၆၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ပြီး ဇွန်လ တစ်လလုံးမှာ တန်ချိန် ၅၈၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။မေအတွင်းမှာတန်ချိန် ၂၁၀၀၀ ကျော်ထိတင်ပို့မှုတိုးတက်ခဲ့ပြီး ၂၀၁၁ ဇွန်အတွင်းမှာ တန်ချိန် ၇၃၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ယခုနှစ်ဇွန်လအတွင်းမှာ တင်ပို့မှု ကျဆင်းလာခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ကုလားပဲဖြူကြီး တန်ချိန် ၃၆၀၀၀ ကျော်တင်ပို့ထားပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၇၅၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခုတစ်ပတ် (ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက်) အတွင်းမှာ တန် ၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုနည်းတဲ့အတွက် ရန်ကုန် FOB ဈေးမှာ ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင်လ ၆ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
Background