Main menu

Background

အောင်ပန်းချင်းဈေးကွက် ချင်းဥမ အဝင်လှိုင်

Sun, 07/08/2012 - 05:41 -- Anonymous (not verified)

    အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ)တွေအဝင်များနေပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅၀၀၀ - ၁၀၀၀၀ ခန့် ဝင်နေတာကြောင့် အဝင်လှိုင်တယ်လို့ ဆိုရပါမယ်။ အဝင်များပေမယ့် ဝယ်လိုအားကတော့ ပုံမှန်သာရှိပါတယ်။ ဥမတွေ အဝင်လှိုင်နေ တာကြောင့် ချင်းတက်တွေကိုလည်း ထပ်မဖော်ကြပါဘူး။ တချို့ ချင်းတက်တွေ ကတော့ နှစ်ထပ်ချင်းတွေဖြစ်ကုန်ပြီလို့လည်း သိရပါတယ်။ ချင်းတက်ကမဖော်ဘဲ တစ်နှစ်လောက်ထားလို့ရပါတယ်။ ချင်းဥမ ကိုဆယ်ရင် အပင်ပိုသန်တာကြောင့် ချင်းဥမတွေကိုတော့ မဖော်မဖြစ် ဖော်ကြတာလို့လည်းသိရပါတယ်။ ဥမက အဝင် များလာလို့ ဈေးနည်းနည်းကျလာပြီး၊ တစ်ပိဿာကို ၁၀၀ ကျပ် - ၁၅၀ ကျပ်ဈေးရှိပါ တယ်။ချင်းတက်ကတော့ တစ်ပိဿာ ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။    ဒီတစ်ပတ်မှာ ချင်းခြောက်က ဈေးနည်းနည်းတက်လာပါတယ်။ မန္တလေး ဝယ်လက်တွေဝယ်လာတာကြောင့် ဈေးတက် လာတယ်လို့လည်း သိရပါတယ်။ တစ်ပတ် အတွင်း ပိဿာချိန် ၂ သောင်းခန့်အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ သိရပြီး၊ တစ်ပိဿာ ၁၀၀၀ ကျပ် - ၁၁၀၀ ကျပ်ဈေးရှိတယ်လို့အောင်ပန်းချင်း ပွဲရုံတွေက သိရ ပါတယ်။                                                            ဧဧခိုင်