Main menu

Background

မလေးရှားနိုင်ငံတွင် ရောင်းချမှုနည်းသဖြင့် တရုတ်ကြက်သွန်ဖြူဈေးမြင့်တက်

Sun, 07/08/2012 - 05:45 -- Anonymous (not verified)

    မလေးရှားနိုင်ငံမှရောင်းချမှု အကန့်အသတ်သာရှိတာကြောင့် တရုတ်ကြက်သွန်ဖြူ ဈေးနှုန်းမြင့်တက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာလက်ကျန် ၃၀ ရာခိုင်နှုန်းဝန်း ကျင်ကျဆင်းခဲ့တာကြောင့် အချို့ဒေသတွေမှာ ဈေးနှုန်း ၂ ဆမြင့်တက်ပြီး၊ အချို့ဒေသ တွေမှာ ၃ ဆအထိပင် မြင့်တက်ကြောင်း သိရပါတယ်။ စစ်တမ်းကောက်ယူ ချက်များ အရ ကလန်ချိုင့်ဝှမ်းဒေသမှာ ကြက်သွန်ဖြူတစ်ကီလိုကန်ဒေါ်လာ ၁ ဒသမ ၆ ရှိရာမှ တစ်လအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၄ ကိုမြင့်တက်ခဲ့ပြီး ပီနန်မှာ တစ်တန် ကန် ဒေါ်လာ သုည ဒသမ ၉၅မှ ကန်ဒေါ်လာ ၂ဒသမ ၈၄ ကိုတိုးလာကြောင်းသိရပါတယ်။    ပြည်တွင်း လုပ်ငန်းရှင်များဟာ ယခုအခါ တရုတ်နိုင်ငံက ကြက်သွန်ဖြူတင်သွင်းဖို့ မကြိုးစားကြတော့ဘဲ အနည်းဆုံးဒီနှစ်ကုန်တိုင်အောင် ၎င်းတို့ရဲ့ လက်ရှိသိုလှောင် လက်ကျန်များကိုသာ အားထားနေကြတယ်လို့ အသင်း ဥက္ကဌ Datuk  Alex  Chuah   မှဆိုပါတယ်။ ရာသီဥတုဆိုးဝါးခြင်းကြောင့် ကြက်သွန်ဖြူရောင်းချမှုကျဆင်းကာ ဈေးနှုန်း ကြီးမြင့်လာခြင်းဖြစ်တယ် လို့ ၎င်းက ဆိုပါတယ်။    ကြက်သွန်ဖြူမတင်သွင်းမီ တရုတ်နိုင်ငံမှာ ဈေးနှုန်းကျဆင်းမှာကို လုပ်ငန်းရှင်များ စောင့်ကြည့်လိုကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်ကြက်သွန်ဖြူများ ကာလရှည် သိုလှောင် ထိန်းသိမ်းထားဖို့ သင့်တော်တဲ့ သိုလှောင်ရုံ အဆောက်အဦများ ပြည်တွင်းမှာ လိုအပ်နေ ပြီလို့ဆိုပါတယ်။ မလေးရှားနိုင်ငံဟာ၎င်းရဲ့လိုအပ်ချက်အားလုံးကို တရုတ်နိုင်ငံက တင် သွင်းနေတာ ဖြစ်ပြီး၊ အခြားနိုင်ငံ များနဲ့ ဝယ်ယူမှုမှာ ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။    ဈေးကွက်အတွင်းမှာ ရောင်းချမှုလျော့ကျရုံသာမက အရည်အသွေးမှာလည်း ပိုပြီးသေးတဲ့ ကြက်သွန်ဖြူ ပိုများလာတယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် မလေးရှား နိုင်ငံဟာတစ်နှစ်ကို ကြက်သွန်ဖြူတန်ချိန် ၆၀၀၀ စားသုံးလျက်ရှိပါတယ်။ လတ်တလော မှာ ရောင်းချမှုလုံလောက်ဖွယ်ရှိပေမယ့် နှစ်ကုန်ပိုင်းအတွက် မလုံလောက်မှာကို စိုးရိမ် နေကြတယ်လို့ သိရပါတယ်။                   ယမင်းခင်၊Source: csione.com