ပြည်ပဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန် ၂၄ ရက်မှ ၃၀ ရက်တာ ကာလအတွင်း မန်ကျည်း ၁၆၂ တန်တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံ ကို ၆၆ တန်နဲ့ မလေးရှားနိုင်ငံကို ၉၆ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာလည်း ၁၆၉ တန်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင် ပို့မှုက ၇ တန်လျော့နည်းခဲ့ပါတယ်။ ဇွန်အတွင်းမှာ မန်ကျည်းတင်ပို့ခဲ့တဲ့နိုင်ငံတွေ က စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန် မန်ကျည်းတင်ပို့မှုက ၇၄၈ ဒသမ ၉၈ တန်ရှိခဲ့ပြီး မေလမန်ကျည်းတင်ပို့မှုက ၂၈၆၉ ဒသမ ၀၉ တန်ရှိခဲ့ကြောင်း ဇွန်လမှာ မန်ကျည်းတင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ကာလတူ ကာလဖြစ်တဲ့ ၂၀၁၁ ဇွန်လမှာ မန်ကျည်းတင်ပို့မှုက ၁၃၅ ဒသမ ၆ တန်ရှိခဲ့တာကြောင့် ဒီနှစ် ဇွန်မှာလည်း မန်ကျည်း တင်ပို့မှုအားလျော့နည်းခဲ့ပါတယ်။ MIRT (DOT)
Background