Main menu

Background

ကမ္ဘာ့ရေနံစိမ်း ဈေးကွက်အခြေအနေသည် ဥရောပမှ အီရန်နိုင်ငံအပေါ် အရေးယူသည့် Sanction အကျိုးသက်ရောက်မှုအပေါ် မူတည်နေ

Sun, 07/08/2012 - 06:43 -- Anonymous (not verified)

        အီးယူဒေသစီးပွားရေးကျဆင်းမှု ပိုမိုလာတဲ့လက္ခဏာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရေနံစိမ်းဝယ်ယူထားတဲ့စာချုပ်တွေ ကို ဈေးမြင့်နေတဲ့ကာလ အတွင်း ပြန်လည်ရောင်းချမှုများလာရာ ဇူလိုင် ၂ ရက် ရေနံစိမ်းဈေးနှုန်းများ ကျဆင်းလာတယ်။ မေလအတွင်း အီးယူဒေသ အလုပ်လက်မဲ့နှုန်းက ၁၁ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ဖွယ်ရှိရာ ဧပြီလအလုပ်လက်မဲ့နှုန်းဖြစ်တဲ့ ၁၁ ရာခိုင်နှုန်းထက် ပိုမိုခဲ့တယ်။ ၁၉၉၀ နောက်ပိုင်း အမြင့်ဆုံး အလုပ် လက်မဲ့နှုန်းဖြစ်တယ်လို့ သိရတယ်။ဒါ့အပြင် ရေနံသုံးစွဲမှုမြင့်မားတဲ့ တရုတ်နိုင်ငံကလည်း ဇွန်လအတွင်း ကုန်ထုတ်လုပ်မှုနှုန်း နှေးကွေးခဲ့တယ်လို့ HSBC Holdings Blc နှင့် Market Economics  တို့က အစီရင်ခံထားတယ်။ ဒီလိုသတင်းတွေက ရေနံစိမ်း ဝယ်လိုအား လျော့သွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေဖြစ်စေပြီး ရေနံစိမ်း ဈေးနှုန်းကို ဖိအားဖြစ်စေတယ်။ သြဂုတ်လ အရောက်ပို့ရမယ့် နယူးယောက်ရေနံစိမ်း (WTI Oil) က တစ်စည်ကို ၈၃ ဒသမ ၆၂ ဒေါ်လာနဲ့ နယူး ယောက် ကုန်စည်ရောင်းဝယ်ရေးမှာ အီလက်ထရောနစ်ကုန်သွယ်မှုစနစ်နဲ့ ရောင်းချခဲ့ရတယ်လို့ သိရတယ်။ သြဂုတ်လငွေချေရမယ့် ဘရန့်အမျိုး အစားရေနံစိမ်းက တစ်စည်ကို ၉၆ ဒသမ ၀၅ နဲ့ လန်ဒန်အခြေစိုက် ICE Futures Europe  မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ဥရောပဒေသကလည်း အီရန်နိုင်ငံမှ ရေနံဝယ်ယူမှု ရပ်ဆိုင်းခြင်းကို ဇူလိုင် ၁ ရက်မှ စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်။ ဒါ့ကြောင့် ရေနံစိမ်းဈေးကွက် အခြေအနေက ၎င်း Sanction ဘယ်လောက် အကျိုးသက်ေ ရာက်မှုရှိတယ်ဆိုတဲ့အပေါ် မူတည်လျက်ရှိတယ်လို့ သုံးသပ်ကြတယ်။  Source:bloomberg.com, ပပ