Main menu

Background

ဒေါ်လာဈေး မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ရွှေဈေး ကျဆင်းသော်လည်း မြန်မာ့ရွှေဈေး အနည်းငယ်သာကျ

Sun, 07/08/2012 - 06:46 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်းတွင် ကမ္ဘာ့ ရွှေဈေးသည် တက်ရိပ်ပြခဲ့ပြီးမှ  ပြန်လည် ကျဆင်းလာခဲ့သော် လည်း မြန်မာငွေလဲလှယ်နှုန်း  မြင့်တက် လာခြင်း ကြောင့် မြန်မာ့ရွှေဈေးမှာ  ကျသင့် သည့်နှုန်းထားသို့မကျဆင်းဘဲ အနည်း ငယ်သာကျ ဆင်းခဲ့ကြောင်း သိရသည်။ယခုတစ်ပတ် ဇူလိုင် ၂ ရက်က ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၅၉၂ ဒေါ်လာရှိချိန်တွင် မြန်မာ့ရွှေ ဈေးသည် အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၇၂၇၀၀၀ ရှိခဲ့သည်။  ထို့ နောက် ဇူလိုင် ၄ ရက်နှင့် ၅ ရက်တို့ တွင် ကမ္ဘာ့ရွှေဈေးသည် ၁၆၁၆ ဒေါ် လာအထိ မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေ ဈေးမြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး လည်း လိုက်လံမြင့်တက်ခဲ့ရာ ထိုနေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၃၆၀၀၀ ရှိခဲ့သည်။ သို့သော် ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့ ရွှေဈေးသည် ၁၆၀၂ဒေါ်လာသို့ ရုတ် ခြည်းကျဆင်းခဲ့သော်လည်း  ထိုအချိန် က မြန်မာငွေ လဲလှယ်နှုန်းသည် တစ် ဒေါ်လာလျှင် ၈၈၉ ကျပ်သို့မြင့်တက်ခဲ့ သဖြင့်  မြန်မာ့ရွှေဈေးသည်  ကျပ် ၇၃၄၀၀၀  ဖြစ်ခဲ့ရာ ၂၀၀၀ ကျပ်သာ ကျဆင်းခဲ့သည်ကို တွေ့ရသည်။"အခုအချိန်က  ကမ္ဘာ့ရွှေဈေးကျ တဲ့အချိန်ပဲ။ ဒီမှာကလည်း ဝါတွင်းကာ လဆိုရင် ပုံမှန်ဆို ဒီအချိန်ဟာ ရွှေဈေး ကျဆင်းတတ်တဲ့  အချိန်ပဲ။ ဒါပေမယ့် ဒေါ်လာဈေးက တစ်နေ့တခြား တက် နေတော့ ကမ္ဘာ့ရွှေဈေး ကျတာတောင် မြန်မာ့ရွှေဈေးက  မကျဘူးဖြစ်နေတာ ပေါ့။ အခုအချိန်ကတော့ ဒုံးဝယ်ထား ကြတာများတယ်။  အထည်ဝယ်တဲ့သူ ရှိပေမယ့် ဒီအချိန်က ပါးတယ်လို့ပြော ရမယ်'' ဟု ရွှေကုန်သည်တစ်ဦးက ပြော သည်။ မယ်သီတာ