Main menu

Background

ငွေလဲစင်တာများ၏ဈေးနှုန်းထက် ပြင်ပဈေးကွက်ဈေးနှုန်းက ပိုမိုမြင့်တက်နေ၍ လုပ်ငန်းရှင်များ စိုးရိမ်

Sun, 07/08/2012 - 06:45 -- Anonymous (not verified)

        ယခုလအတွင်း အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ ဆက်တိုက်မြင့်တက် နေသည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များ အဆင်ပြေေနေသော် လည်း ပြင်ပငွေလဲ ဈေးကွက်တွင် နေ့စဉ်ဖြစ်ပေါ်နေသည့်ဈေးနှုန်းသည် ငွေလဲစင်တာများ၏ ဈေးနှုန်း ထက် ပိုမိုမြင့်မားနေသည့်အတွက် လုပ်ငန်းရှင်များက စိုးရိမ်မကင်း ဖြစ်နေကြ ကြောင်း သိရသည်။နေ့စဉ်ဆိုသလို မြင့်တက်မှုဖြစ်နေသည့် ဒေါ်လာဈေးနှုန်းသည် ဇူလိုင် ၂ ရက်က ငွေလဲစင်တာများတွင် ရောင်းဈေး ၈၈၀ ကျပ်၊ ဝယ်ဈေး ၈၇၄ ကျပ်ဖြစ်သော်လည်းပြင်ပဈေးကွက်တွင်မူ ရောင်းဈေး ၈၈၁ ကျပ်၊ ဝယ်ဈေး ၈၈၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ သို့သော် ဇူူလိုင် ၆ရက်တွင်  ငွေလဲစင်တာများ၌ ရောင်းဈေး ၈၈၉ ကျပ်၊ ဝယ်ဈေး ၈၇၇ ကျပ်ဖြစ်ခဲ့သော်လည်း ပြင်ပဈေးကွက်တွင် ရောင်းဈေး ၈၈၄ ကျပ်၊ ဝယ်ဈေး ၈၈၂ ကျပ် ဖြစ်ခဲ့သည်။ ပြင်ပဈေးကွက်နှင့် ငွေလဲစင်တာများ၏ ဈေးနှုန်းကွာဟချက်မှာ ငါးကျပ်ရှိနေသဖြင့် ငွေလဲသူများမှာ အပြင်ကိုသာ အားထားနေကြကြောင်း သိရသည်။''အခုလိုမျိုး အပြင်ဈေးကွက်ကို ငွေလဲနေတဲ့သူတွေက အားထားနေမယ်  ဆိုရင် တရားဝင်လုပ်ကိုင်နေတဲ့သူတွေ  ဒုက္ခရောက်နိုင်သလို ကျွန်တော်တို့ လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒုက္ခရောက်နိုင်ပါတယ်။ တစ်ခြားနိုင်ငံတွေမှာလည်း ဒီ Black Market  ဆိုတာရှိပေမယ့် စင်တာဈေးနဲ့က တစ်ကျပ်နှစ်ကျပ်လောက်ပဲ ကွာတာ ဆိုတော့ သိပ်ပြီးထိခိုက်မှုမရှိဘူး။ အခုဟာက ငါးကျပ်ဟနေတော့ ဝယ်ရောင်းလုပ် တဲ့သူတွေ အမြတ်ကြီးစားသွားမှာကို စိုးရိမ်ရတယ်။ နိုင်ငံတော်ကလည်း ဒေါ်လာ ဈေးကို ပြန်တက်အောင် နည်းမျိုးစုံနဲ့လုပ်နေတာမှာ အခုကတော့ ကောလာဟလ ကြောင့်ရယ်၊ ဝယ်ရောင်းလုပ်နေတဲ့သူတွေကြောင့်ရယ် ဒေါ်လာဈေးက အပြင်ဈေး နဲ့ စင်တာဈေး ကွာဟနေတာပါ"ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ မယ်သီတာ