ရေကြောင်းလမ်းမှ မြေသြဇာ တန်ငါးရာကျော်သာဝင်
ရေကြောင်းလမ်းမှ မြေသြဇာ တန်ငါးရာကျော်သာဝင် ပြည်တွင်းဈေးကွက်ကို ဇွန် ၂၄ ရက်မှ ၃၀ ရက်တာကာလအတွင်း မြေသြဇာ ၅၂၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်း ခဲ့တဲ့ မြေသြဇာ တွေမှာ ရုရှားနိုင်ငံမှ မြေသြဇာတန်ချိန် ၄၀၀ နဲ့ထိုင်းနိုင်ငံမှ မြေသြဇာ တန်ချိန် ၁၂၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ် မြေသြဇာ တန် လေးရာ့ရှစ်ဆယ်ကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာ တန်ချိန် လေးဆယ်ေ လာက် အဝင်ပိုခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်း မြေသြဇာအဝင် က တန်ချိန် သုံးထောင့်ခြောက်ရာကျော် ရှိခဲ့ပြီး မေလမြေသြဇာအဝင်က တန်ချိန် လေးထောင့်ငါးရာကျော်ရှိခဲ့တာကြောင့် ဇွန်လမှာ မြေသြဇာတန် ကိုးရာကျော်အဝင် ပိုခဲ့ပါတယ်။ MIRT(DOT)ယခုအပတ် နယ်စပ်မှ ဓာတ်မြေသြဇာအသွင်းလျော့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၈၆၇ သန်း တန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၉၀၆၅ တန်ခန့် ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်အတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်တင်သွင်းမှုထက် တန်ချိန် ၅၀၀၀ ကျော် အသွင်း လျော့ ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်၊ မြိတ်နဲ့ ကော့သောင်းစခန်းများမှ အသွင်း လျော့ခဲ့ပြီး တာချီလိတ် နဲ့ မြဝတီနယ်စပ်မှအသွင်း မရှိခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ယခုအပတ်နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၈၂၆၈ တန်ကျော်၊ ရိဒ်မှ ၃၈၆ တန်ကျော်၊ ကော့သောင်းမှ ၃၆၀ တန်နဲ့ မြိတ်မှ တန် ၅၀ အသီးသီး ဖြစ်ပါတယ်။ ဧပြီလမှ ဇွန်လအထိနယ်စပ်မှ ဓာတ်မြေသြဇာ ၂၀၂၂၀၃ တန် တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT(DOBT)ရာသီအေး ဈေးကွက်အေးနဲ့ ပုံမှန်ရှိနေမြဲ ဓာတ်မြေသြဇာ မော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးနေတယ်လို့ မြေသြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းအေးလာတာ နဲ့အမျှ မြေသြဇာဈေးတွေကလည်း အကျဘက်မှာရှိနေခဲ့ပါတယ်။ ပုလဲအသေး ၄၆% နဲ့ ကွန်ပေါင်း ၁၆း၁၆း၁၆ က တစ်အိတ်ကို ငါးရာကျပ် ဝန်းကျင်ဈေးကျလာ ပေမယ့် တီစူပါနဲ့ ကွန်ပေါင်း ၁၅ ပတ်လည်က ယခင်ဈေး အတိုင်းဘဲရှိနေပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ ဈေးက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်)က ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၄၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) က ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၅၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြားကမ္ဘာ) တရုတ်က ၁၁၅၀၀ ကျပ်ဈေးတို့ဖြစ် ပါတယ်။ တောင်ကြီးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးနေတယ် လို့ မြေသြဇာအရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ယခင် တစ်ပတ်ဈေးထက် ယူရီးယား(ပန်းဖူး) က ၅၀၀ ကျပ်ဈေးမြင့်လာပြီး ယူရီးယား (ကမ္ဘာလုံးနဲ့ ရွှေတောင်)က ၅၀၀ ကျပ်ဈေးကျလာပါတယ်။ တီစူပါ ၁၆%(တရုတ်) က ၅၀၀ ကျပ်ဈေးကျလာပြီး ပိုတက်(တရုတ်)က ၁၀၀၀ ကျပ် ဈေးကျလာပြီး ကျန်မြေသြဇာတွေကတော့ ယခင်တစ်ပတ်ဈေးအတိုင်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်မြေသြဇာဈေးတွေကတော့ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ရွှေတောင်) (တရုတ်) ၂၀၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး- တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၉၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၉၅၀၀ ကျပ်၊ တီစူပါ ၁၅ ပတ်လည် (တရုတ်) ၃၆၅၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၅၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၇၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၂၀၀၀ ကျပ်နဲ့ မြှားကမ္ဘာ ၁၄၅၀၀ ကျပ်ဈေးတို့နဲ့ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ အရောင်းကပုံမှန်ရှိတယ်လို့ အရောင်းဆိုင်မှ တာဝန် ရှိသူတစ်ဦးက ဆိုပါတယ်။ ကုန်သွယ်ခွန်ကင်းလွတ် ခွင့်ပြုခဲ့တာကြောင့် ဒီတစ်ပတ် ဈေးကလည်း အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ယူရီး ယား-ရွှေတောင် ၈၀၀ ကျပ်၊ ယူရီးယား-ပန်းဖူး ၄၀၀ ကျပ်၊ တီစူပါ ၄၆% (တရုတ်)က ၃၀၀ ကျပ်၊ တီစူပါ ၁၆% က ၅၀၀ ကျပ်၊ တီစူပါ ၁၂% ၄၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၅၀၀ ကျပ်နဲ့ အာမို ၁၀း၁၀း၅ က ၅၀၀ ကျပ် ဈေးကျလာပါတယ်။ ဒီတစ်ပတ်ဈေး ကွက်အတွင်း မြေသြဇာဈေးတွေက ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၈၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၈၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၂၀၀၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၂၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်) က ၇၆၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၇၀၀၀ ကျပ်နဲ့ ကွန်ပေါင်း ၁၀း၁၀း၅ က ၁၃၃၀၀ ကျပ်ဈေးဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မြေသြဇာက အရောင်းပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ မြေသြဈေးတွေက ယခင်တစ်ပတ်ဈေးနဲ့ စာရင် ယူရီးယား နေရွက်လှေက နှစ်ရာ ကျပ်ဈေးမြင့်လာ ပြီး ရွှေတောင်(တရုတ်)က တစ်ရာကျပ် ဈေးကျလာပါတယ်။ ပိုတက်(ထိုင်း) က သုံးရာကျပ်မြင့်လာပြီး ပိုတက်(အိန္ဒိယ)က သုံးရာကျပ်ဈေးကျလာတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေတဲ့ဈေးတွေက ယူရီးယား (နေရွက် လှေ)၂၁၅၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၃၀၀ ကျပ်၊ တီစူပါသံကွင်း (တရုတ်) ၂၁၂၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၃၂၀၀ ကျပ်၊ ပိုတက်(ထိုင်း) ၃၈၃၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အမ်-တရုတ်) ၂၈၅၀၀ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အမ်-ထိုင်း) ၃၈၅၀၀ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက ပုံမှန်အရောင်းအဝယ်ရှိနေတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အရောင်းပုံမှန်ရှိပေမဲ့ ဈေးက တော့ နှစ်ပတ်ဆက်တိုက်ငြိမ်နေဆဲပဲလို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းဖြစ် နေတဲ့ဈေးက ယခင်တစ်ပတ်ဈေးအတိုင်း မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) က ၁၅၈၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၆၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၆၈၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၄၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်- တရုတ်) ၂၂၀၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၂၀၀၀ ကျပ်၊ တောင်သူမက ၁၅၅၀၀ ကျပ်၊ ပိုတက် ၂၃၅၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၀၀၀ ကျပ်နဲ့ ဈေး ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ MIRT(DOT)
