စိန်တံဆိပ်၊ ဆင်တံဆိပ်ဘိလပ်မြေများဝင်ခဲ့ပြည်တွင်းဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန် ၂၄ ရက်မှ ၃၀ ရက်တာကာလအတွင်း ဘိလပ်မြေ ၂၂၄၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေများနဲ့ တန်ချိန်က ဆင်တံဆိပ်ဘိလပ်မြေ ၅၂၅၀ တန်၊ စိန်တံဆိပ်ဘိလပ်မြေ ၄၄၀၀ တန်နဲ့ အခြားတံဆိပ်မျိုးစုံ ၁၂၇၅၀ တန်အသီးသီးမှာယူ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က တန်ချိန်ခြောက်ထောင်ကျော်သာ တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ် မှာ ဘိလပ်မြေတန်ချိန် တစ်သောင်းကျော်ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ လချုပ်အနေ နဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းငါး သောင်းကျော်ရှိပြီး မေလဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းနှစ်သောင်း ကျော်ရှိခဲ့တာကြောင့် ဇွန်လမှာ တန်ချိန် သုံးသောင်းကျော် လောက်ပိုမိုတင်သွင်းနိုင် တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဘိလပ်မြေအသွင်းလျော့နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၃၀ သန်း တန်ဖိုးရှိတဲ့ ဘိလပ်မြေတန် ၁၆၀၀ ခန့်အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်တင်သွင်းမှုထက် ၄၇၇ တန်ခန့် တင် သွင်းမှု လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၂၈၃ တန်၊ လွယ်ဂျယ်မှ ၄၄ တန်၊ ချင်းရွှေဟော်မှ ၄၆ ဒသမ ၅ တန်၊ တာချီလိတ်မှ ၁၀၅၆ တန်နဲ့ မြိတ်မှ တန် ၁၇၀ အသီးသီး ဖြစ်ပါတယ်။ ဧပြီလမှ ဇွန်လအထိ နယ်စပ်မှ ဘိလပ်မြေ တန် ၃၁၂၆၉ တန် တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT(DOBT) ဈေးလှုပ်ရှားမှုမရှိဘဲ ဘိလပ်မြေဈေးအေးနေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးနေတယ်လို့ အိမ် ဆောက်ပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်ဘိလပ် မြေက အရောင်းအေးပေမယ့်လည်း ဈေးကတော့ငြိမ်နေဆဲ ဖြစ်ပါတယ်။ မြင်းခေါင်း တစ်အိတ်ကို ၃၆၀၀ ကျပ်၊ ဆင်(ထိုင်း) တစ်အိတ်ကို ၄၈၀၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) က ၄၆၀၀ ကျပ်နဲ့ စိန်(ထိုင်း) က တစ်အိတ်ကို ၄၆၅၀ကျပ် ဈေးတို့နဲ့ ယခင်တစ်ပတ် ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာတော့ ဘိလပ်မြေက အရောင်းသွက်လာတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဘိလပ်မြေက အဝင် လည်းရှိသလို အရောင်းလည်းရှိနေတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေ ဈေးတွေက ယခင်တစ် ပတ်ဈေးထက် ၁၀၀ ကျပ်ဝန်းကျင်ဈေးကျ လာပါတယ်။ ဒီတစ်ပတ်ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေ ဈေးတွေ က အေသုံး လုံး ၅၄၀၀ ကျပ်၊ မြန်မာဆင် ၅၄၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၆၀၀ ကျပ်၊ စိန်(ထိုင်း) ၆၅၀၀ ကျပ်၊ ကျားခေါင်း ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်း ၅၂၀၀ ကျပ်ဈေးတို့နဲ့ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးလာတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ မိုးကလည်းများလာတာ ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများလည်း ရပ်နားခဲ့ရပါတယ်။ ဒီလုပ်ငန်း တွေကောင်းရင် အရောင်းအဝယ်ေ ကာင်းသလို၊ လုပ်ငန်းတွေနားနေရင်လည်း အရောင်းအဝယ်ပါ လိုက်ပြီး အေးလာတယ်လို့ပြောပါတယ်။ အရောင်းအဝယ် အေးပေမဲ့ ဘိလပ်မြေ ဈေးက ယခင်တစ်ပတ်ဈေးအတိုင်းဘဲ အပြောင်းအလဲ မရှိငြိမ်နေတယ်လို့ သိရပါ တယ်။ ခြင်္သေ့ဘိလပ်မြေ ၅၀၀၀ ကျပ်၊ မြို့တော် ၄၈၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၅၈၀၀ ကျပ်နဲ့ ဆင်(ထိုင်း)၇၂၀၀ ကျပ် ဈေးရှိပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ဘဲရှိနေတယ်လို့ အရောင်း ဆိုင်မှဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ဆင်(ထိုင်း) ဘိလပ်မြေက ယခင်တစ်ပတ်ဈေးထက် ၅၀ ကျပ်ဈေးကျလာပြီး မြင်းခေါင်း ဘိလပ်မြေက ယခင် ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ဈေး ကွက်ထဲမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဆင်(ထိုင်း)က တစ်အိတ်ကို ၅၈၅၀ ကျပ်နဲ့ မြင်းခေါင်းဘိလပ်မြေက တစ်အိတ်ကို ၄၇၀၀ ကျပ်ဈေးတို့ဖြစ်ကြောင်း သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်းဆိုင် မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းပုံမှန်ရှိပေမဲ့လည်း ဈေးကအပြောင်း အလဲသိပ်မရှိဘူးလို့ သိရပါတယ်။ ဆင်တံဆိပ်ဘိလပ်မြေက ယခင်တစ်ပတ်ဈေး အတိုင်းငြိမ်နေပြီး စိန်တံဆိပ်ဘိလပ်မြေက ငါးဆယ်ကျပ် ဈေးကျလာပါတယ်။ မြင်း ခေါင်းဘိလပ်မြေက နှစ်ရာဝန်းကျင်ထိ ဈေးကျလာ တယ်လို့ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ ဘိလပ်မြေဈေးများမှာ ဆင်တံဆိပ်ဘိလပ်မြေ ၅၀၀၀ ကျပ်၊ စိန်တံဆိပ်က ၄၉၅၀ ကျပ်နဲ့ မြင်းခေါင်းက ၄၆၀၀ ကျပ်ဈေးဖြစ် ကြောင်း သိရပါတယ်။ MIRT(DOT)
Background