Main menu

Background

ဒွန်း၊ မာရီဂိုးနဲ့ အိုကေတံဆိပ်များဝင်

Sun, 07/08/2012 - 07:16 -- Anonymous (not verified)

ဒွန်း၊ မာရီဂိုးနဲ့ အိုကေတံဆိပ်များဝင်ဒီတစ်ပတ်ဖြစ်တဲ့ ဇွန် ၂၄ ရက်မှ ၃၀ ရက်တာကာလအတွင်း နို့ဆီ ၇၇၅ ဒသမ ၉၄ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှတင်သွင်း ခဲ့ ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ နို့ဆီတွေက ဒွန်းတံဆိပ်နို့ဆီက ၃၉၃ ဒသမ ၄၅ တန်၊ မာရီဂိုးနို့ဆီက ၂၂၈ ဒသမ ၃၈၄ တန်နဲ့ အိုကေတံဆိပ်နို့ဆီ က ၁၅၄ ဒသမ ၁၀၃ တန်ဖြစ်ပါတယ်။ ယခင်တစ် ပတ်နို့ဆီတင်သွင်းမှုမရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ အင်တိုက်အား တိုက်နဲ့ တင်သွင်းလာတာကို တွေ့ရ ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ တင် သွင်းခြင်းမရှိခဲ့ပါဘူး။ နို့မှုန့်က ဒီတစ် ပတ်မှာတော့ မလေးရှားနိုင်ငံမှ ၁ ဒသမ ၈၀ နဲ့ စင်ကာပူနိုင်ငံမှ ၁ ဒသမ ၇၄ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာ ၂၁ တန်တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်တင်သွင်းမှုက တန် ချိန်လျော့နည်းခဲ့ပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန် လအတွင်း နို့ဆီတင်သွင်းမှုက တန်ချိန် ၁၃၄၁ ဒသမ ၆၈ ရှိခဲ့ပြီး မေလတင် သွင်းမှုက ၁၁၄၇ ဒသမ ၀၃ တန်ရှိခဲ့ တာကြောင့် ဇွန်လမှာ နို့ဆီတန် ၁၉၄ ဒသမ ၆၅ အဝင်ပိုခဲ့ပါတယ်။ နို့စိမ်းက ဇွန်လမှာ တန်ချိန် ကိုးရာကျော်ဝင်ခဲ့ပြီး မေလမှာ တန်ချိန် ၆၈၀ နီးပါးဝင်ခဲ့တာ ကြောင့် ဇွန်လမှာ တန်ချိန် ၂၆၀ ကျော် အဝင်ပိုခဲ့ပါတယ်။      MIRT(DOT)နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းရှိမြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၇ သန်းတန်ဖိုးရှိ နို့စိမ်း ၅၂ တန် ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၈၄ သန်းတန်ဖိုးရှိ  နို့ဆီ ၈၉ တန်ကျော် ကို ဇွန် ၂၇ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလအတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက်  နို့စိမ်းအသွင်း လျော့သော်လည်း ယခုအပတ်မှာ နို့ဆီ အသွင်းရှိလာတာတွေ့ရပါတယ်။ ဧပြီ လမှ ဇွန်လအထိ နယ်စပ်မှ နို့ဆီတင် သွင်းမှုမှာ တန် ၉၆၅ ကျော်ရှိပြီး နို့စိမ်း တင်သွင်းမှုမှာ တန် ၁၇၄၀ ခန့် ရှိပြီဖြစ် ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၇၇ သန်းတန်ဖိုးရှိ  နို့မှုန့် ၆၂ တန်ကျော်ကို ယခုအပတ်အတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ ဧပြီလမှ ဇွန်လ အထိ နယ်စပ်မှ နို့မှုန့် ၁၅၃ တန်ကျော် တင်သွင်းထားပြီးဖြစ်ပါတယ်။ ဇွန်လမှ တင်သွင်းမှုအများဆုံးဖြစ်ပြီး ၈၆ တန် ထိရှိခဲ့ပါတယ်။             MIRT(DOBT)