Main menu

Background

ယခုနှစ် ဇွန်လ နှမ်းတင်ပို့မှု ယခင်နှစ်ထက်ပိုမို

Sun, 07/08/2012 - 07:28 -- Anonymous (not verified)

    ယခုနှစ်ဇွန်အတွင်း ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၂၁၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူမှာ တန်ချိန် ၁၅၀၀ ခန့်သာရှိခဲ့ပါတယ်။ ယခုနှစ် မေအတွင်းမှာတော့တန်ချိန် ၂၅၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုလတွေမှာ နှမ်းလက်ကျန် နည်းလာပြီဖြစ်လို့ပမာဏနည်းနည်းသာတင်ပို့မှုရှိရာယခုတစ်ပတ် (ဇွန် ၂၅-၂၉)ရက်အတွင်းမှာလည်း တန်ချိန် ၄၁၀ ခန့်သာ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ကူဝိတ်၊ ယူအေအီး၊ တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ အိန္ဒိယတို့ကို ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်ဇွန် ၂၉ ရက်အထိနှမ်းစုစုပေါင်းတင်ပို့ပြီးစီးမှုမှာတန်ချိန် ၁၂၄၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန် ချိန် ၆၁၀၀ ကျော်သာရှိကြောင်းသိရပါတယ်။လက်ရှိဘဏ္ဍာနှစ်အတွင်းမြေပဲတင်ပို့မှုအနေနဲ့ မြေပဲအခွံပါ တန်ချိန် ၁၆၃ နဲ့ မြေပဲ ဆန်တန်ချိန် ၃၀၆၀၀ ကျော်စုစုပေါင်းတန်ချိန် ၃၀၈၀၀ ကျော် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၄ သန်းကျော်ရရှိပြီးကြောင်း သိရပါ တယ်။                                                                                                                                            MIRT - MAPT