Main menu

Background

နယ်စပ်မှ နှမ်းရောင်စုံ တင်ပို့မှုလျှော့

Sun, 07/08/2012 - 07:29 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၇၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၉၅၉ တန်ခန့်ကို ဇွန် ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၁၅၆ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နှမ်း ရောင်စုံတင်ပို့မှုတွေ ကတော့ကန်ဒေါ်လာ သုည ဒသမ ၁၉၆သန်းတန်ဖိုးရှိနှမ်းနက် ၁၃၅တန်၊ကန်ဒေါ်လာ သုည ဒသမ ၉၈၅ သန်းတန်ဖိုးရှိ နှမ်းဖြူ ၇၅၈ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၆၆ တန် အသီးသီးဖြစ်ပါတယ်။ ဇွန်လအတွင်းမှာ ကန်ဒေါ်လာ ၅ ဒသမ ၁၆၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၃၈၁၂ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ဧပြီမှ ဇွန်အထိ ဘဏ္ဍာနှစ်ပထမ ၃ လကာလမှာ နှမ်းတန်ချိန် ၂၃၂၄၆ တန်ဝန်းကျင် နယ်စပ်မှတင် ပို့ထားပြီးဖြစ်ပါတယ်။    ယခုအပတ်မှာ မိမိဘက်နှမ်းဖြူမြေပြင်ဈေးအနည်းငယ်မြင့်သော်လည်း နှမ်းနက်ဈေးလျော့ကျလျက် ရှိပါတယ်။ ယခင် အပတ်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်-                    မိမိဘက်(ကျပ်/တန်)                                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု             ယခင်     ပြောင်းလဲမှု      %         ယခု      ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၁၄၂၁၀၂    ၁၁၂၄၃၅၉    ၁၇၇၄၃        ၁ .၆     ၁၃၂၄      ၁၃၀၉          ၁            ၃နှမ်းနက်    ၁၁၀၁၉၄၁    ၁၁၁၀၈၆၄    ၈၉၂၃        ၀ .၈     ၈၂၃၂       ၈၂၃၂         -             -    MIRT (DOBT)