Main menu

Background

ကွန်ပျူတာသမားတွေ သတိထားသင့်တဲ့ ဝေဒနာများ

Sun, 07/08/2012 - 08:15 -- Anonymous (not verified)

   ကွန်ပျူတာရှေ့မှာထိုင်ပြီး  အလုပ်လုပ်ကြ တဲ့သူတွေ တစ်နေ့တခြားများလာသလို ကွန်ပျူတာ အသုံးပြုခြင်းကြောင့်ဖြစ်လာ တဲ့ ဝေဒနာတွေက လည်း မနည်းတော့ပါဘူး။နေ့စဉ်နေ့တိုင်း အသုံးပြုနေတဲ့ ကွန်ပျူတာ မော်နီတာ၊ ကွန်ပျူတာတင်တဲ့ စားပွဲ၊ ကုလားထိုင်၊ Keyboard နဲ့ Mouse တို့ရဲ့ အနေအထားမမှန် တဲ့အတွက် ရေရှည်မှာ မလိုလားအပ်တဲ့ ကျန်းမာ ရေးဆိုးကျိုးတွေ ဖြစ်စေပါတယ်။ကွန်ပျူတာအသုံးပြုသူတွေရဲ့အကြီးဆုံးအမှား ကတော့ ကိုယ်နေဟန်ထားပါပဲ၊ ကွန်ပျူတာရိုက်တဲ့ အခါ  ထိုင်တဲ့ကုလားထိုင် မှာ  နောက်ကျောမှီ ကောင်းကောင်းမရှိရင် ခါးနာတဲ့ဝေဒနာရရှိတတ် ပါတယ်။ လူတွေတစ်နေ့တာ အသုံးပြုတဲ့ အနေ အထား သုံးမျိုးဖြစ်တဲ့ ရပ်တဲ့အနေအထား၊ ထိုင် တဲ့ အနေအထားနဲ့ လဲလျောင်း အနေအထား အနက် ထိုင်တဲ့အနေအထားကို ကြာရှည်မသုံးသင့် ပါဘူး။ ကွန်ပျူတာသမားအနေနဲ့ ထိုင်တဲ့ပုံစံပုံပန်း ကျခြင်းမရှိရင် ခြေထောက်အကြောတက်၊ ဇက် ကြောတက်တာ၊ ကျောအောင့်တာ၊ ခါးနာတာတို့ ဖြစ်လာတတ်ပါတယ်။    ဒါကြောင့်ကွန်ပျူတာကို တစ်နာရီ အသုံးပြု ပြီးတိုင်း ၅ မိနစ်ခန့် မဖြစ်မနေ နားသင့်ပါတယ်။ ထိုင်နေတဲ့အနေအထားကနေ မတ်တပ်ရပ်ပြီးဖြစ် စေ၊ လမ်းလျှောက်လို့ဖြစ်စေ၊ ခန္ဓာကိုယ်အနေအ ထားကိုပြောင်းပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် တော့ ကြာရင် ထိုင်းထိုင်းမှိုင်းမှိုင်း၊ ငူငူငေါင်ငေါင် ဖြစ်လာမှာပါ။ ညောင်းညာပြီး မအီမသာ မကြည် မသာဖြစ်လာတော့မှာ အသေအချာပါ။    ကွန်ပျူတာကြောင့်ဖြစ်တဲ့  ဝေဒနာတွေ အနက် Carpal Tunnel Syndrome (CTS)   ဆိုတဲ့  ဝေဒနာကတော့ လက်ကောက်ဝတ်မှာရှိတဲ့ အလယ်နာပ်ကြောမှာ ဖိအားများလာပြီး ဖြစ်လာ တဲ့ ဝေဒနာပါ။ ဒီဝေဒနာဖြစ်လာရင် လက်ချောင်း တွေကျဉ် လာမယ်။ လက်ကောက်ဝတ်နာလာမယ်။ ညဘက်မှာ လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်တွေ ထုံကျဉ်လာမယ်။ တဖြည်းဖြည်းနဲ့ လက်ချောင်း လေးတွေကစပြီး  တစ်ဆင့်စီ ပခုံးနဲ့ ဇက်အထိ နာကျင်မှုတွေ တက်လာပါမယ်။     နောက်တစ်ခါ ကွန်ပျူတာသမားတွေ ဖြစ် တတ်တဲ့ ဝေဒနာက  မျက်စိဝေဒနာပါ။  မိမိရဲ့ မော်နီတာပေါ်ကို အလင်းရောင်  မကျရောက် အောင် ဂရုစိုက်ပြီး  နေရာချထားသင့်ပါတယ်။ မော်နီတာ  မှန်သားကတစ်ဆင့်  အလင်းပြန်မှု ကြောင့် မျက်စိကို ထိခိုက်စေ တာမို့ပါ။ မော်နီတာ ကို စူးစိုက်ကြည့်ရင်းက မျက်လုံးကို ထောက်ကူ ထားတဲ့ ကြွက်သားတွေတင်းလာပြီး မျက်လုံးကိုက် တာ၊ မျက်ရိုးကိုက်တာ၊ ခေါင်းကိုက်တာဖြစ် တတ် သလို မျက်စေ့ေ၀ဝါးသွားတာလည်း ဖြစ်တတ်ပါ တယ်။ ဒါကြောင့်နာရီဝက် တစ်ခါလောက် ကွန်ပျူ တာမော်နီတာအပေါ် စူးစိုက်ထားတဲ့ မျက်လုံးတွေ ကို ခပ်လှမ်းလှမ်းကို တစ်မိနစ်လောက် အကြည့်ပို့ ပေးသင့်ပါတယ်။ အနီးဝန်းကျင်မှာ စိမ်းလန်းတဲ့ အပင်နဲ့ ရှုခင်းမျိုးရှိရင်ကောင်းပါတယ်။ ကွန်ပျူတာ စားပွဲပေါ်မှာအစိမ်းရောင်အိမ်တွင်းစိုက် သစ်ပင် ပန်းအိုးလေးရှိရင်လည်း ကောင်းပါတယ်။ မျက်လုံး ကို ခပ်နာနာလေး ငါးစက္ကန့်လောက်ပိတ်ပြီး ပြန်ဖွင့် တဲ့မျက်လုံးလေ့ကျင့်ခန်း ကိုလည်း လုပ်သင့်ပါတယ်။    လူတစ်ဦးအနေနဲ့ တစ်ဆယ့်နှစ်ပေါင်လောက် လေးတဲ့ဦးခေါင်းကို  လည်ပင်း ကြွက်သားတွေနဲ့ ထောက်မထားရတာပါ။ ဒါကြောင့် ကွန်ပျူတာ မော်နီတာက မိမိမျက်လုံးထက်မြင့်နေရင် ဦးခေါင်း ကိုမော့နေရတာမို့  လည်ပင်းရဲ့ ကြွက်သားတွေ ခမြာ လိုအပ်တာထက်  ဆန့်ထုတ်နေရရှာမှာပါ။ အရှိန်ကြာမြင့်စွာ နေ့စဉ်ရက်ဆက် နှစ်ရှည်လများ ကွန်ပျူတာသမားအဖို့ လည်ပင်း<ကက်သား ရောင် ရမ်းတာ၊ ဇက်ညောင်းတာ၊ ခါးနာတာတွေ ဖြစ်ပြီ ပေါ့။    တစ်ခါ ကွန်ပျူတာကီးဘုတ်နဲ့ မောက်စ်က လည်း မြင့်နေတဲ့စားပွဲမှာပဲရှိနေပြီး သုံးတဲ့လူက အနိမ့်ကနေလှမ်းရိုက်နေရရင် လက်ကောက်ဝတ် နေရာကနေ လက်ဖဝါးကို လှန်ချိုးထားသလို ဖြစ် နေလို့ကြာရင်  လက်ကောက်ဝတ်တွေနာပြီပေါ့။ ကီးဘုတ် နဲ့ မောက်စ်တွေကိုစားပွဲပေါ်မှာ ကိုယ်ခန္ဓာနဲ့ အလှမ်းဝေးရာမှာ တင်ထားရင်လည်း လက်ကို ဆန့်ထုတ်ပြီး ကွန်ပျူတာရိုက်ရတော့ လက်အနေ အထားမမှန်တာမို့  လက်မောင်းအကြောတင်း၊ ဇက်ကြောတင်းတဲ့ ဝေဒနာတွေ ခံစားရပြန်တာပါ ပဲ။ ဒါကြောင့် ကွန်ပျူတာစားပွဲကို  ရိုးရိုးစားပွဲ မသုံးသင့်ပါဘူး။ ကွန်ပျူတာတင်ဖို့နေရာ၊ ကီးဘုတ် နဲ့ မောက်စ်ထားဖို့နေရာစသဖြင့် ပုံစံတကျစနစ် ကျတဲ့ ကွန်ပျူတာသုံးစားပွဲကို အသုံးပြုသင့်သလို၊ ကုလားထိုင်ဟာလည်း အနိမ့်အမြင့် အလိုက်သင့် ညှိလို့ရတဲ့ နောက်မှီပါတဲ့ ကွန်ပျူတာသုံးကုလား ထိုင်ဖြစ်သင့်ပါတယ်။ ဒါမှ ရေရှည်မှာ ကွန်ပျူတာ က ပေးတဲ့ဝေဒနာတွေရဲ့ အန္တရာယ်ဘေးက လွတ် ကင်းမှာပါ။    ခေတ်မီတိုးတက်နေတဲ့ နည်းပညာနဲ့ စက် ပစ္စည်းကိရိယာတွေ  အသုံးပြုနေကြသူတွေအဖို့ အန္တရာယ်တွေ ဝေဒနာတွေ မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရမှာပါ။ မဟုတ် ရင် ကိုယ်ပဲဝေဒနာခံစားရမှာ မဟုတ်လား။ ကွန်ပျူတာေ ကြာင့်ဖြစ်ပေါ်တဲ့ ဆိုးကျိုးတွေဟာ လတ် တလောမှာ မသိသာပေမယ့် ရေရှည်မှာ ကျန်းမာ ရေးကို များစွာထိခိုက်စေမှာပါ။ တချို့ဝေဒနာတွေ ကတော့ ခွဲစိတ်ကုသမှုခံယူရတဲ့အထိ ဖြစ်တာပါ။ ဒါဆိုရင် သိတဲ့အတိုင်း  နောက်ဆက်တွဲပြဿနာ တွေပါလာပြီပေါ့။ ဒါကြောင့်  ကွန်ပျူတာရှေ့မှာ မထစတမ်း အလုပ်လုပ်နေသူတွေအဖို့ အလုပ်ခွင်နဲ့ ကျန်းမာရေးကို ရှေ့ရှုတွေးပြီး သတိထား လုပ် ဆောင်သင့်တာတွေရှိပါတယ်။    -    ကွန်ပျူတာရှေ့မှာထိုင်တဲ့အခါ ခါးကို လိမ် စောင်းပြီး အမှုမဲ့အမှတ်မဲ့ မထိုင်ဘဲ ခါးကို မတ်မတ်ထားပြီး ပုံစံမှန်မှန်ထိုင်ဖို့။    -    လက်မောင်းနဲ့ လက်ဖျံတွေ တန်းတန်းကြီး ဖြစ်မနေဖို့။    -    လက်ကောက်ဝတ်ကို လှန်ထားသလိုမဖြစ် စေဘဲ ဖြောင့်နေစေဖို့။   -    ဦးခေါင်းလေ့ကျင့်ခန်း၊ ခါးဆန့်၊ လက်ချောင်း ဆန့်၊ လက်သီးဆုပ်လိုက်ဖြန့်လိုက် လေ့ကျင့် ခန်းကလေးတွေကို မမေ့မလျော့လုပ်ဖို့ မမေ့ ကြပါနဲ့။    ဒါ့အပြင် ကွန်ပျူတာသမားတိုင်း  မဖြစ်မနေ လုပ်သင့်တဲ့ ကိုယ်လက်ဆန့်လေ့ကျင့်ခန်းပုံစံလေး တွေကိုလည်း နမူနာကြည့်ပြီး လုပ်ကြပါ။ ကိုယ် လည်းသိရှိလိုက်နာသလို ကွန်ပျူတာသမားအချင်း ချင်းလည်း အသိပေးပြောပြပြီး လိုက်နာဆောင် ရွက်ဖို့ တိုက်တွန်းပေးကြပါနော်။Ref  ၁.မေတ္တာဦး၏ ကွန်ပျူတာကြောင့်ဖြစ်သော ဝေဒနာများ    ၂. http // groups.yahoo.com/ group/myanmarthway