စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၄၀၅ ၄၃၀ ၂ လားရှိုး ၁ ပိဿာ ၄၅၀ ၄၈၀ ၃ မူဆယ် ၁ တန် ၃၂၉၉၁၉ ၃၃၄၄၃၈ ၄ မန္တလေး ၁ ပိဿာ ၄၅၄ ၅၀၀ ပြောင်းလက်ကျန်နည်းပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ တောင်ကြီးဈေးကွက်မှာ ပြောင်းက ရောင်းသူကုန်သည်တွေ ထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မန္တလေး ဝယ်လက်ကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၄၃၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်းပိဿာ ချိန် ၁၄၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့အဝင်ပုံ မှန်ရှိသလို တရုတ်အဆွဲကလည်း ပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ လား ရှိုးဈေးကွက်မှာ ပြောင်းက ဒီတစ်ပတ်ကုန်စည်ဒိုင် အပြောင်းအရွှေ့ ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် အရောင်းအဝယ်ဖြစ်မှုပမာဏ လျော့ကျသွားတယ်လို့ ပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၈၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၇၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မန္တလေးဈေး ကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိသလို လှောင်လက်ကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၅၀၀ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၄၀၀ မှ ၅၀၀ ကြားရှိခဲ့တယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦး က ဆိုပါတယ်။
Background