Main menu

Background

ပဲစင်းငုံနီ

Sun, 07/08/2012 - 08:30 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ   ယခင်    ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်     ၁ တန်    ၅၄၅၀၀၀    ၅၇၆၀၀၀                ၂    မန္တလေး           ၁ ပိဿာ    ၈၃၃         ၈၈၃         ၃    မုံရွာ                ၁ ပိဿာ    ၈၄၀        ၈၇၅        ၄    ပခုက္ကူ             ၁ ပိဿာ    ၈၄၀        ၈၉၀                ၅    မြင်းခြံ             ၁ ပိဿာ    ၈၂၅        ၈၈၀            ၆    အောင်လံ         ၁ ပိဿာ    ၈၃၅       ၈၉၀            ၇    မကွေး             ၁ ပိဿာ    ၈၂၅       ၈၇၅            ၈    ပြည်               ၁ ပိဿာ    ၈၃၀       ၈၇၅    ၉    ရေစကြို          ၁ ပိဿာ    ၈၃၀        ၈၈၀ ပဲစင်းငုံနီဈေးကွက် တက်ဈေးနဲ့ အရောင်းသွက်လာ    ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ် လက်တွေက ဝယ်လိုအားမြင့်တက်လာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ ပဲကို အိန္ဒိယအဆွဲသွက်လာသလို ကြိုတင်ရောင်းစာချုပ်ထား တာတွေ ကိုလည်း ဒီရက်ပိုင်းမှာ အမှီဝယ်တင်နေရတာကြောင့် ယခုလိုပဲဈေး တွေမြင့်တက်လာတာလို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၅၆၇၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၇၈၀၀၀ ကျပ်အတွင်း တန် ၂၈၇၅ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက် တွေက ဝယ်လိုအားများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၈၈၃ ကျပ်(တစ်တန်ကို ၅၄၀၇၄၀ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ မှ ၈၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲသွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေကြောင်းသိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတစ်ပိဿာ ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်)ဈေးနဲ့ တစ် ရက်ကို အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မကွေးဈေးကွက် မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိသလို ရောင်းသူကုန်သည်များ ကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဝယ် လိုအားပုံမှန်ရှိခဲ့တာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်) ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ကဈေးပေးအဝယ်ရှိသလို ဝယ်အားပါသွက်လာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကတက်ရိပ်ပြနေတာတွေ့ရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၄၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်နဲ့ ဒေသခံကုန်သည် တွေပစ္စည်းဖြည့်ဖို့ အဝယ်လိုက်လာတာကြောင့် နေ့စဉ်တက်ဈေးနဲ့ အရောင်းအ ဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီက ပစ္စည်း လက်ကျန်လျော့နည်းလာပေမယ့် အရည်အသွေးက မြင့်နေတာ ကြောင့် ယခုလိုတက်ဈေးရလာတာလို့ ကုန်သည်အချို့ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၇၀၀၀ ခန့်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။