Main menu

Background

ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ဧရာပုသိမ် ဆန်စပါးရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (၁) ၂၀၁၁-၁၂ ၁ဘဏ္ဍာနှစ် နှစ်ပတ်လည်အခမ်းအနား ကျင်းပပြုလုပ်

Sun, 07/08/2012 - 08:50 -- Anonymous (not verified)

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့၊ မြို့တော်ခန်းမမှာ ၂၀၁၂ ခုနှစ် ဇွန် ၃၀ ရက်၊ ညနေ ၆း၃၀ နာရီတွင် ဧရာ ပုသိမ် ဆန်စပါး ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်(၁)ရဲ့၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။     ၎င်း အခမ်းအနားကို ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဧရာဝတီတိုင်း ဒေသ ကြီး၊ လွှတ်တော်ဥက္ကဌ သရေစည်သူ ဦးဆန်းဆင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးနဲ့ အစိုးရ အဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများ၊ ကုမ္ပဏီဘုတ်အဖွဲ့နဲ့ ရှယ်ယာ ရှင်များ၊ ကုမ္ပဏီဝန်ထမ်းများ၊ အကျိုးတူ စိုက်ပျိုးသောတောင်သူများ နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြောင်း သိရပါ တယ်။    ဧရာပုသိမ် ဆန်စပါး အထူးပြု ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာမှ ကုမ္ပဏီ ကို ဒေသခံစက်ပိုင် ကုန်သည်လုပ်ငန်း ရှင်  တောင်သူများနဲ့  ဖွဲ့စည်းထား ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုး တက်စေရန် ကန်ထရိုက်လယ်ယာစနစ် ဖြင့်  အဆင့်မြင့်ဧကကွက်များ ဖော် ထုတ်ပေးခြင်း၊  တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်လာစေရန် မျိုးသန့်စပါး များ ထုတ် လုပ်ဖြန့်ဖြူးခြင်း၊ စိုက်ပျိုး ချိန်မှာလိုအပ်သော စိုက်စရိတ်၊ မျိုး စပါး၊ ဓာတ်မြေသြဇာအမျိုးမျိုး၊ စက် သုံးဆီများကို  ပံ့ပိုးပေးခြင်း၊  လယ် ယာသုံး စက်ကိရိယာများကို တစ်ဝက် လက်ငင်းငွေချေစနစ်ဖြင့် ပံ့ပိုးခြင်း၊ စိုက် ပျိုးရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းနဲ့ စိုက်ပျိုးရေး နည်းပညာများ  ပံ့ပိုးခြင်း တို့ကို  ဆောင်ရွက်ခဲ့ကြောင်း  ပြော ကြားပါတယ်။    ဧရာပုသိမ် ဆန်စပါး အထူးပြု ကုမ္ပဏီမှ  ၂၀၀၉ ခုနှစ် မိုးစပါးရာသီ ချိန် ကျပ်သိန်း ၁၇၀၀ ကျော်ပံ့ပိုးပေးနိုင် ခဲ့သော်လည်း ၂၀၁၀ ခုနှစ် နွေစပါး ရာသီမှာ ကျပ်သိန်း ၇၄၀၀ ကျော်၊ ၂၀၁၁ ခုနှစ် မိုးစပါးရာသီမှာ ကျပ်သိန်း ၁၂၂၀၀ ကျော် ပံ့ပိုးပေးနိုင်ပြီး၊ ၂၀၁၂ နွေစပါး ရာသီချိန်မှာ ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော် ပိုမိုပံ့ပိုးပေးနိုင်ခဲ့ကြောင်း လည်း ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာမှ ပြောကြားခဲ့ကြောင်း သတင်းရရှိပါ တယ်။                 မင်းမင်းဦး