Main menu

Background

ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်တို့တွင် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ ရောင်းချ ဖြန့်ဖြူးရေးအသင်းခွဲများ တရားဝင် ဖွဲ့စည်း

Sun, 07/08/2012 - 08:51 -- Anonymous (not verified)

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်တို့မှာ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းအချိန်မှာ မိမိတို့မြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ ရောင်းချဖြန့်ဖြူး ရေးအသင်းခွဲများအား တရားဝင်ဖွဲ့စည်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ထိုအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်တွင်း အခွန် ဦးစီး၊ မီးသတ်ဦးစီး၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး၊ မြန်မာ့လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း စတဲ့  ဌာနအသီးသီးမှ အကြီးအကဲများ၊ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ ပုဂ္ဂိုလ်များတွေ့ဆုံပြီး၊ မြို့နယ်အလိုက် စီမံခန့်ခွဲရေးကော်မတီ ၁၀ ဦးစီအား အဆိုပြုခြင်း၊ ထောက်ခံခြင်းဖြင့် သဘောတူ ရွေးချယ်ခဲ့ကြ ပါတယ်။ ဖျာပုံမြို့နယ် တိုင်းအလုပ်အမှုဆောင်အဖြစ် ဦးတင်ငြိမ်း၊ ဦးအောင်ခိုင်ဝင်း၊ ဦးဌေးအောင်တို့ကို ရွေးချယ် ခဲ့ကြပြီး၊ ဒေးဒရဲမြို့နယ်အတွက် ဦးတင်ဌေးနဲ့ ဦးသက်နိုင်တို့အား ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။ယခုလို  မြို့နယ်အလိုက် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းခွဲများ တရားဝင်ဖွဲ့စည်း ရခြင်းရဲ့ အဓိကရည်ရွယ်ချက်တွေကတော့ တရားမဝင် စက်သုံးဆီအရောင်းဆိုင်များ လုံးဝရောင်းချခွင့်မပြုဖို့နဲ့ မှတ်ပုံတင်ခြင်း၊ လိုင်စင်ရယူ ထားခြင်းမရှိဘဲ အချို့အရောင်းဆိုင်များ ဖွင့်လှစ်နေမှုများအားပိတ်ပင်ဖို့၊ တရားဝင်လိုင်စင် ရရှိရေး ဆောင်ရွက်သွားကြဖို့နဲ့ စက်သုံးဆီတင် သွင်းရောင်းချရေးအသင်း တရားဝင်ဖွဲ့စည်းဖို့ဆိုတဲ့ အချက် နှစ်ချက်ပဲ ဖြစ်တယ်လို့ သိရပါတယ်။''စက်သုံးဆီအသင်းအဖွဲ့ကို ဖွဲ့စည်းသင့်တာကြာပါပြီ။ အခုဖွဲ့စည်းတဲ့အသင်းမှာ စက်သုံးဆီရောင်းချတဲ့သူ အားလုံးပါဝင်ဖို့ လိုပါတယ်။ ရောင်းချသူအားလုံးဟာ အခွန်ရှောင်လို့မရပါဘူး။ အားလုံးအခွန်ပေးဆောင်ပြီး လုပ် ဆောင်ကြပါ" လို့ စက်သုံးဆီတင် သွင်းရောင်းချရေး အသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးဌေးအောင်က ပြောပါတယ်။ ဖျာပုံမြို့နယ်မှာ စက်သုံးဆီ အရောင်း ဆိုင် ၇၀ ကျော်ခန့်ရှိပြီး၊ ဒေးဒရဲမြို့နယ်မှာ ၄၀ ကျော်ရှိကြောင်း သိရပါတယ်။မင်းဇော်မွန်