Main menu

Background

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံလုပ်ငန်း သင်တန်းဖွင့်လှစ်

Sun, 07/08/2012 - 08:57 -- Anonymous (not verified)

    ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံလုပ်ငန်းသင်တန်းကို ဇူလိုင် ၂ ရက်က မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း သင်တန်းခန်းမမှာဖွင့်လှစ်ခဲ့ပါတယ်။    အဆိုပါ သင်တန်းကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနဲ့ မန္တလေးတိုင်းဒေသကြီးကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းများအသင်းတို့ ပူးပေါင်းပြီး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ သွက်လက်မြန်ဆန်စေဖို့ အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ သင်တန်းကာလမှာ ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ၄ ရက်ကြာမြင့် မှာဖြစ်ပြီး၊ သင်တန်းသား သင်တန်းသူ ၁၀၂ ဦးအား အခမဲ့ သင်ကြားပို့ချကြောင်း သိရပါတယ်။    သင်ကြားမယ့် ဘာသာရပ်များမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေများနဲ့ လုပ်ထုံး လုပ်နည်းများ၊ ကော်မရှင်မှ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာများ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေနဲ့အညီ ခွင့်ပြုမိန့်ရယူခြင်း၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ ခွင့်ပြုမိန့်ရယူခြင်း၊ အထူးစီးပွားရေးဇုန်ဥပဒေများ၊ ရင်းနှီး မြှုပ်နှံ ခွင့်ရှိတဲ့ မြေအမျိုးအစားနဲ့ မြေငှားရမ်းကာလ၊ ကုမ္ပဏီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှလည်း ကောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်စာတမ်းများနဲ့ ပတ်သက်ပြီး ရှေ့နေချုပ်ရုံးမှ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြည်တွင်းသုံးငွေ၊ နိုင်ငံခြားသုံးငွေနဲ့ ပတ် သက်ပြီး၊ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လည်းကောင်း၊ အကောက်ခွန်စည်းကြပ်ခြင်းဆိုင်ရာ လုပ်ငန်းနဲ့ပတ်သက်ပြီး အကောက်ခွန်ဦးစီး ဌာနမှ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စိစစ်သုံးသပ်ခြင်းနဲ့ ပတ်သက်ပြီး စီမံကိန်းစိစစ်ရေးနဲ့ တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနမှ လည်းကောင်း၊ နိုင်ငံခြား သားပညာရှင်ခန့်ထားခြင်းနဲ့ ပတ်သက်ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ လည်းကောင်း၊ နိုင်ငံခြားသား ပညာရှင် နေထိုင်ခွင့်ကိစ္စအား လူဝင်မှုကြီးကြပ်ရေး နဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပို့ကုန်သွင်းကုန်လုပ်ငန်းအား ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံ တင်ခြင်းနဲ့ ပတ်သက်ပြီး စက်မှု ကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနတို့မှလည်းကောင်း ပညာရှင်အသီးသီးမှ သင်ကြားပို့ချခဲ့ကြောင်း သိရပါတယ်။ဇူးဇူး