Main menu

Background

မြောင်းမြမြို့နယ်မှာ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းခွဲ ဖွ့ဲစည်းပြီး

Sun, 07/08/2012 - 09:04 -- Anonymous (not verified)

    ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်အတွင်းရှိ စက်သုံးဆီ တင်သွင်းရောင်းချသူ လုပ်ငန်းရှင် များနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၃၀ ရက်က မြောင်းမြမြို့ မြရွှေဝါခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ဌာနဆိုင်ရာ တာဝန်ရှိသူ ၈ ဦး၊ စက်သုံးဆီလုပ်ငန်းရှင် ၃၃ ဦး တက်ရောက်ခဲ့ပြီး၊ မြို့နယ်အုပ်ချုပ် ရေးမှူး မှ ခရိုင်၊ မြို့နယ်များ မှာ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကော်မတီ  ဖွဲ့စည်းထားရှိမှုနဲ့ တရားမဝင် စက်သုံးဆီ အရောင်းဆိုင်များ ပပျောက်ရေး၊ တရားဝင်လိုင်စင်ရရှိရေး၊ အသင်းဖွဲ့ရခြင်း များကို ရှင်းလင်းခဲ့ပါတယ်။ မြို့နယ်အခွန်ဦးစီးမှဝင်ငွေခွန်နဲ့ ပတ်သက်၍ ရှင်းလင်းပြီး၊ မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးခရိုင် မန်နေဂျာမှ အသင်းဖွဲ့ စည်း ရခြင်းရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များကို ဆွေးနွေးခဲ့ပါတယ်။    ဆက်လက်ပြီး မြောင်းမြမြို့နယ် စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး အသင်းခွဲ အလုပ်အမှုဆောင် ၉ ဦးနဲ့ တိုင်းအလုပ်အမှုဆောင် EC  (၁) ဦးအား ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရပါတယ်။                          စိုးဝင်း