Main menu

Background

မြောင်းမြမြို့နယ် အဓိပတိလယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေး

Sun, 07/08/2012 - 09:07 -- Anonymous (not verified)

    မြောင်းမြမြို့နယ် အဓိပတိလယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေ အား ကျေးရွာအုပ်စု ၅၁ အုပ်စု၊ တောင်သူ ၂၇၄၉ ဦး၊ ဧက ၄၆၅၆၇ အား ငွေကျပ် သိန်း ၉၀၀၀ ထုတ်ချေးရန် လျာထား ကြောင်း သိရပါတယ်။     မိုးစပါးစိုက်ပျိုးစရိတ် တစ်ဧကကို ကျပ် ၃၀၀၀၀ နှုန်းဖြင့် ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ရက်နေ့မှစတင်ကာ ကျေးရွာအုပ်စု ၄ အုပ်စု တောင်သူ ၃၁၀ ဦး၊ ဧက ၃၄၅၅၊ ငွေကျပ် ၁၀၃ ဒသမ ၆၅ သိန်း ထုတ်ချေးပြီးကြောင်းနဲ့ ရိတ်သိမ်းချိန်မှာ တစ်ဧကကို ကျပ် ၂၀၀၀၀ ထပ်မံထုတ်ချေးမှာဖြစ်ကြောင်း သိရပါတယ်။ ကျော်လင်း