မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ဇွန်မှာ ပို့ကုန်ကန်ဒေါ်လာ ၁ ဒသမ ၁၁၃ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၇၄၆ သန်းကုန်သွယ်မှုပမာဏ ၂ ဒသမ ၈၅၉ သန်းခန့် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ကုန် သွယ်မှု လျာထားချက်အပေါ် ၅၄ ရာခိုင်နှုန်းခန့် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နောင်လာမယ့်လများမှာ ကုန်သွယ်မှု တိုးတက်စေရေး အတွက် ဒေသအာဏာ ပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများ၊ ကုန်သည်အသင်းနှင့် ကုန်သည် လုပ်ငန်း ရှင်များအား စည်းရုံးညှိနှိုင်းကြိုးပမ်းဆောင်ရွက်နေ တယ်လို့ စခန်းတာဝန်ခံက ဆိုပါတယ်။ မိုင်းယုဒေသနဲ့ မိုင်းလားဒေသထွက် ကောက်ညှင်းစပါးနဲ့ ဆန်များဆက်လက်တင်ပို့နိုင်ရေးဆောင် ရွက်ခြင်း၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှစ၍ တင်ပို့မှုရပ်နား ထားခဲ့တဲ့ သစ်တင်ပို့မှုများကို မိုးမှန်လာပြီး မဲခေါင်မြစ်ရေတိုး လာပါက တင်ပို့နိုင်ရန်ပြင်ဆင်ထားခြင်း၊ မဂ္ဂနီးစ်ဒိုင် အောက်ဆိုဒ်များ မကြာမီတင်ပို့နိုင်ရေးဆောင်ရွက်နေသဖြင့် ပို့ကုန်များတိုးမြင့်လာမယ် လို့ မျှော်မှန်းလျက်ရှိကြပါတယ်။ သွင်းကုန်အပိုင်းမှာလည်း တာချီလိတ်နယ်စပ်ရဲ့ အဓိကသွင်းကုန်ပစ္စည်းများဖြစ်တဲ့ ဆောက်လုပ်ရေးပစ္စည်း များနဲ့ လူသုံးအိမ်သုံးပစ္စည်းများကို Automatic Licensing စနစ်အရ စခန်းခွင့်ပြုချက်လိုင်စင်နဲ့ ဆောင်ရွက်နိုင်ခြင်း၊ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုလိုက်တဲ့အတွက် စက်သုံးဆီတင်သွင်းမှု ပြန်လည်မြင့်တက်လာနိုင်ခြင်း၊ ယာဉ်ယန္တရား တင်သွင်း နိုင်ခြင်းတို့ကြောင့် သွင်းကုန်ပိုင်းလည်း တိုးတက်လာနိုင်မယ်လို့ တာချီလိတ်စခန်းတာဝန်ခံက ဆိုပါတယ်။ ဒါ့အပြင် သစ်တင်ပို့မှုများရှိလာနိုင်တော့မည်ဖြစ်ရာ သစ်လုံးတင်ယာဉ်များအတွက် စက်သုံးဆီသုံးစွဲမှုများ မြင့်တက်လာ နိုင်သဖြင့် စက်သုံးဆီတင်သွင်းမှု ပြန်လည်မြင့်တက်လာနိုင်မယ်လို့ ခန့်မှန်းနေကြတယ်လို့ သတင်းရရှိပါတယ်။Source:နကသ၊MIRT (DOBT)
Background