နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဇွန်လ၂၇ ရက်မှ ဇူလိုင်လ ၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၄ ဒသမ ၃၆၅ သန်းတန်ဖိုးရှိ ဆန် တန် ၁၀၁၀၀ ခန့်နဲ့ ဆန်ကွဲ ၅၇၃ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဆန် ၆၄၂ တန်ဝန်းကျင်နဲ့ ဆန်ကွဲ ၅၇၃ တန်ကျော် အပို့ ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်ဆန်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ဆန် ၈၂၃၅ တန်ကျော်နဲ့ ဆန်ကွဲ ၅၇၃ တန်ကျော်၊ လွယ်ဂျယ်မှ တန် ၄၇၀၊ ချင်းရွှေဟော်မှ ၁၁၆၅ တန်ခန့်နဲ့ တာချီလိတ်မှ တန် ၂၃၀ အသီးသီးဖြစ်ပါတယ်။ ဇွန်လမှာ ဆန် ၄၆၂၈၀ တန်ကျော်နဲ့ ဆန်ကွဲ ၁၄၀၄ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ ဧပြီလမှ ဇွန်လအထိ ဘဏ္ဍာနှစ်ပထမ ၃ လမှာ ဆန် ၉၇၇၉၄ တန်နဲ့ ဆန်ကွဲ ၁၅၆၆ တန်ကျော် နယ်စပ်မှတင်ပို့ထားနိုင်တယ်လို့ သတင်းရရှိပါတယ်။ MIRT(DOBT)
Background