Main menu

Background

မြိတ်နယ်စပ်မှ ရေထွက်ကုန် နှစ်ဆကျော် အပို့ပို

Sun, 07/08/2012 - 09:14 -- Anonymous (not verified)

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇွန် ၂၇ ရက်မှဇူလိုင် ၃ ရက်ထိကာလအတွင်းမှာကန်ဒေါ်လာ ၁ ဒ  သမ ၄၁၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၀၅၀ တန်ခန့် တင်ပု့ိနိုင်ခဲ့ရာ ယခင်အပတ်က တင်ပို့မှုထက် တန်ချိန်အားဖြင့် ၅၅၂ တန်၊ အဆအားဖြင့်နှစ်ဆကျော် အပို့ပိုခဲ့ပါတယ်။     မြိတ်နယ်စပ်စခန်းမှ ယခုအပတ်တင်ပို့ခဲ့တဲ့ ရေထွက်ကုန် တွေကတော့ ငါးမျိုးစုံ ၉၁၅ တန်၊ ရေငန်ပုစွန် ၁၂ တန်၊ ငါးနီအသားလွှာ သုညဒသမ ၅၇၄ တန်၊ အေးခဲကင်းမွန် ၁၈ တန်ကျော်၊ ပုစွန်ခြောက် ၆ တန်ခန့်၊ အေးခဲပုစွန် ၄၇ တန်ခန့်၊ ငါးခြောက် ၃ တန်ကျော်၊ အေးခဲကဏန်းပျော့ ၄၁ တန်ခန့်၊ခရု သုည ဒသမ ၆၉၀ တန်နဲ့ ကဏန်းအသေး (အသေ) ၅ တန် အသီးသီးဖြစ်ပါတယ်။    မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၇၉ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၃ တန်ခန့်၊ ပုစွန် ၄ တန်ကျော်နဲ့ ကဏန်း ၁၇ တန်ကျော် တင်ပို့ခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၁၂၉ တန်ခန့် အပို့လျော့ခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ ကန် ဒေါ်လာသုည ဒသမ ၀၅၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၈၆ တန် ကျော်နဲ့ ကျောက်ပုစွန် (ပဂဲ)သုညဒသမ ၁၂၅ တန်တင်ပို့ခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် ၃၅၇ တန် အပို့လျော့ခဲ့ပါတယ်။ ယခုအပတ် ထိုင်းနယ်စပ်စခန်းများမှ ရေထွက်ကုန် တန် ၁၁၆၀ ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၆၅ တန် အပို့ပိုခဲ့ပါတယ်။ ဇွန်လမှာထိုင်းနယ်စပ်မှ ရေထွက်ကုန် ၆၆၁၈ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇ သန်းကျော်ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ဧပြီလမှ ဇွန်လထိ သုံးလတာကာလမှာ ကန်ဒေါ်လာ ၄၂ သန်းခန့်တန်ဖိုးရှိ ရေထွက်ကုန် ၃၂၂၈၃ တန် တင်ပို့ထားနိုင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT)