Main menu

Background

တမူးမှ ပရဆေးအသွင်းပို မူဆယ်မှ အပို့လျော့

Sun, 07/08/2012 - 09:29 -- Anonymous (not verified)

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိ ကာလအတွင်းမှာကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၇ တန် နီးပါးအသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် နှစ်ဆနီးပါး အသွင်းပိုခဲ့ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်တင်သွင်းတဲ့ ပရဆေးကုန်ကြမ်းတွေကတော့ တောင်လုံး ကျော် ၄ ဒသမ ၆ တန်၊ ရှိန်းခို ၁ ဒသမ ၄၅ တန်နဲ့ ဇာတိပ္ဖိုလ်သီး သုည ဒသမ ၉ တန် ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှာတော့ ယခုအပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၅၁၇ သန်းတန်ဖိုးရှိတဲ့ ပရဆေးကုန်ကြမ်း ၉၈၈ တန်ခန့် အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် ၅၂၆ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် နယ်စပ်မှ တင်ပို့တဲ့ပရဆေးကုန်ကြမ်းတွေကတော့ ကြက်ဆူစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ/အခွံမပါ)၊ ဂုံညှင်းလုံး၊ စကားပန်းပွင့်ခြောက်၊ ဆီးဆန်၊ နနွင်းတက် (ရှမ်း/ ကျောက်ဆည်)၊ မိကျောင်းကွမ်းဖတ်စေ့၊ ကျောက်ဂျင်း၊ နေလဲစေ့၊ ရွေးရွက်၊ ဒရင် ကောက်မြစ်နဲ့ တောင်လုံးကျော်တို့ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ကြက်ဆူစေ့၊ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ ဂုံညင်းလုံး၊ ဆီးဆန်နဲ့ တောင်လုံးကျော်တို့ အပို့ပိုသော် လည်း ချဉ်ပေါင်ဖာလာ (အခွံပါ)၊ စကားပန်းပွင့်ခြောက်၊ နနွင်းတက်၊ မိကျောင်းကွမ်း ဖတ်စေ့၊ နေလဲစေ့နဲ့ ဒရင်ကောက်မြစ်တို့ အပို့လျော့ခဲ့တယ်လို့ သိရပါတယ်။    ဇွန်အတွင်း မူဆယ်မှပရဆေးကုန်ကြမ်းတင်ပို့မှုဟာ ၅၂၇၉ တန်ဝန်းကျင်ဖြစ်ပြီး ဧပြီမှ ဇွန်အထိ နယ်စပ်မှပရဆေး ၁၈၁၆၅ တန် ဝန်းကျင်တင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)