Main menu

Background

အမေရိကန် ပြောင်းထွက်ရှိမှုအပေါ် စိုးရိမ်မှုများအရ ဇူလိုင်လမှာ ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းမြင့်တက်နိုင်

Mon, 07/09/2012 - 05:08 -- Anonymous (not verified)

    အမေရိကန်မှာ ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် ပြောင်းအထွက်နှုန်း ကျဆင်းကာ ဈေးကွက်တွေမှာ ကုန်စည်ဈေးနှုန်း မြှင့်တင်နိုင်တဲ့အပေါ် စိုးရိမ်မှု တွေကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများ ၃ လအတွင်း ဆက်တိုက် ကျဆင်း ခဲ့ရာမှ ဇူလိုင်မှာ ပြန်လည်မြင့်တက်ဖွယ်ရှိတယ်လို့ ဇူလိုင်လ ၅ ရက်နေ့မှာ  FAO  မှ ဆိုပါတယ်။ ရာသီဥတု ဆိုးဝါးခြင်းကြောင့် သီးနှံအထွက်ကျဆင်းမှုအလားအလာ ရှိပြီး၊ အမေရိကန်မှာ ပြောင်းကအထွက် ကျဆင်းနိုင်တဲ့အတွက် ကုန်စည်ဈေးများ မကြာခင်ကစပြီး တစ်ဖန်ပြန်မြင့်တက်လာတယ်လို့  FAO မှ ဆိုပါတယ်။ ဒါကြောင့် ယခုလအတွင်း  FAO  ရဲ့ စားနပ် ရိက္ခာ ဈေးနှုန်းညွှန်းကိန်း မြင့်တက်လာဖွယ်ရှိနေ တယ်လို့ ဆိုပါတယ်။    အမေရိကန်မှာ လက်ရှိအပူလိုင်းရှိနေတဲ့အတွက် ပြောင်းဈေးက ဆက်ပြီးမြင့် တက်ဖွယ်ရှိတယ်လို့  FAO  မှ ဝါရင့်သီးနှံ  လေ့လာဆန်းစစ်သူ Abdolreza  Abbassian   မှ ဆိုပါတယ်။စီးပွားရေးမတည်ငြိမ်မှုဆက်လက်ဖြစ်ပေါ်ခြင်းနဲ့ ရောင်း ချမှု အလုံအလောက်ရှိနေခြင်းတို့ကြောင့် ဇွန်လမှာ ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်း ကျဆင်းမှုဟာ ၂၀၁၀ စက်တင် ဘာလ နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။    စားနပ်ရိက္ခာကုန်စည်များရဲ့ နိုင်ငံတကာဈေးနှုန်းလစဉ် အပြောင်းအလဲကို တိုင်းတာတဲ့ FAO  ရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းညွှန်းကိန်းဟာ ဇွန်မှာ ၂၀၁ မှတ်ကို ၁ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အဲဒီညွှန်းကိန်းဟာ ၂၀၁၁ ဖေဖော်ဝါရီ မှာ အမြင့်ဆုံးဖြစ်ခဲ့ရာမှ ၁၅ ရာခိုင်နှုန်းအောက်ကို ရောက်ရှိခဲ့ပါတယ်။ အဓိက အားဖြင့် ဆီနဲ့ အဆီဈေးနှု န်းကြီးမားစွာ ကျဆင်းခဲ့တာကြောင့်လို့ ဆိုပါတယ်။    ဒါပေမယ့် ဇွန် ဒုတိယလဝက်အတွင်းမှာ ပြောင်းဈေးနှုန်း ခိုင်မာခဲ့သလို ရုရှားမှာ ဂျုံအထွက်နှုန်း ကျဆင်းခဲ့တဲ့အတွက် ဂျုံဈေးလည်းမြင့်တက်နေပြီး ဖြစ်ခဲ့ တယ်လို့  FAO က ဆိုပါတယ်။ အလားတူ ကမ္ဘာ့အကြီးဆုံးသကြားတင်ပို့တဲ့ ဘရာဇီး မှာ ရာသီဥတုအရ အထွက်နည်းတာကြောင့် ဇွန်လကုန်မှာ သကြားဈေးပြန်ခိုင်မာ လာခဲ့တယ်လို့  FAO မှ ဆိုပါတယ်။      ယမင်းခင်၊Source: dowjones.com