Main menu

Background

မိုးနည်းပြီး ကြက်၊ ဘဲ မွေးမြူရေး ဝယ်လိုအားကောင်းခြင်းကြောင့် အိန္ဒိယပြောင်းဈေးနှုန်း မြင့်တက်

Mon, 07/09/2012 - 05:51 -- Anonymous (not verified)

    ၂၀၁၂-၂၀၁၃ မှာ အိန္ဒိယနိုင်ငံရဲ့ ပြောင်းအများဆုံး စိုက်ပျိုးတဲ့ ကာနာတာက၊ အန်ဒရာပရာဒေ့ရှ်နဲ့  မဟာရာရှပ်ထရာတို့မှာ မိုးနည်းပါးပြီး ကြက်ဘဲမွေးမြူရေးကဏ္ဍက နေ ဝယ်လိုအားတက်လာတာကြောင့် လာမယ့် ကာလများမှာပြောင်းဈေးနှုန်းမြင့်တက် ဖွယ် ရှိကြောင်းသိရပါတယ်။ စိုက်ပျိုးမြေတွေမှာ မိုးနောက်ကျတာကြောင့် အိန္ဒိယရဲ့ အဓိက သီးနှံအထွက်နှုန်းကျဆင်းဖွယ်ရှိပေမယ့် အိန္ဒိယနိုင်ငံ မှာတော့ ထုတ်လုပ်မှုကျဆင်းတဲ့ အတွေ့ အကြုံရှိခဲ့ပြီးဖြစ်ပါတယ်။ တကယ်လို့ဒီရာသီဥတုအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင်တော့ တောင်သူေ တွက အကြမ်းစား နှံစားသီးနှံနဲ့ ပဲပုပ်တို့လိုသီးနှံတွေကို ပြောင်းလဲ စိုက်ပျိုးဖွယ်ရှိတယ်လို့သိရပါတယ်။ အစီရင်ခံစာများ အရ ပြောင်းစိုက်ပျိုးမှုက ဇွန်လကုန် မှာဟက်တာ ၈ ဒသမ ၂၁၁ သိန်းရှိပြီးယခင်နှစ်အလားတူကာလကဟက်တာ ၁၆ဒသမ ၅၆ သိန်းရှိကြောင်းသိရပါတယ်။ အိန္ဒိယကြက်ဘဲမွေးမြူရေးလုပ်ငန်းများအတွက် အဓိက အစားအစာဖြစ်တဲ့ ပဲပုပ်နဲ့ပြောင်းရဲ့ဝယ်လိုအားမြင့်တက်နေတယ်လို့သိရပါတယ်။ အိန္ဒိယ ကြက်ဘဲမွေးမြူရေး ကဏ္ဍက ကမ္ဘာ့ ဒုတိယအကြီး ဆုံးဈေးကွက်အဖြစ်မြင့်တက် လာပြီး နှစ်စဉ် ၁၂ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ အလား တူစွာ အမေရိကန်မှာ ရာသီဥတု ခြောက်သွေ့မှုနဲ့ တရုတ်ရဲ့ဝယ်လိုအား မြင့်တက်တာ ကြောင့် ကမ္ဘာတစ်ဝန်းလုံး ကုန်ပစ္စည်း ဈေးနှုန်းတွေမြင့် တက်ခဲ့တယ်လို့သိရပါတယ်။ ၂၀၁၁-၂၀၁၂ မှာ အိန္ဒိယပြောင်း တန်ချိန် ၂၂ သန်း ဝန်းကျင် ထုတ်လုပ်ခဲ့ကြောင်း သိရ ပါတယ်။                            Source: commodity online,KZW