Main menu

Background

ချင်းရွှေဟော်မှ ရော်ဘာ အပို့ပို မူဆယ်မှ အပို့လျော့

Mon, 07/09/2012 - 05:54 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ယခုအပတ်ရော်ဘာတင်ပို့နိုင်မှု ၉၇ တန်ရှိတဲ့အတွက် ယခင် အပတ် ကထက် ၁၇ တန် အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်ကတော့ ၉၄ တန်ကျော်သာ အပို့ရှိခဲ့တဲ့အတွက် ယခင်အပတ်ကထက် ၁၃၆ တန် အပို့လျော့ခဲ့ပါတယ်။ ယခုအပတ် ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၆၈၈ သန်းတန်ဖိုးရှိ ရော်ဘာ ၁၉၁ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၅၉ တန် အပို့လျော့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ မြိတ်နဲ့လွယ်ဂျယ်စခန်းများမှ ယခင်အပတ်ကကဲ့သို့ တင်ပို့နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ယခုအပတ်မှာ မိမိဘက်ရော တစ်ဘက်နိုင်ငံ မှာပါ ရော်ဘာဈေးများ အနည်းငယ်မြင့်လျက်ရှိပါတယ်။ ယခင်အပတ်ပေါက်ဈေးများနဲ့ နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ်-                                    မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                     ယခု           ယခင်      ပြောင်းလဲမှု    %      ယခု        ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၄၆၀၀၀    ၂၅၀၈၀၀၀      ၃၈၀၀၀    ၁ .၅    ၃၀၀၆      ၂၉၉၅            ၁၁       ၀ .၄RSS - 5    ၂၄၁၂၀၀၀    ၂၃၇၆၀၀၀      ၃၆၀၀၀    ၁ .၅    ၂၈၄၈      ၂၈၃၈            ၁၀      ၀ .၄ MIRT (DOBT)