ပြည်တွင်းရော်ဘာထုတ်လုပ်သူများက ရော်ဘာဈေးနှုန်း တွေထက်ဝက်ခန့်ကျဆင်းနေတာကြောင့် အခြားအဓိက ရော်ဘာ ထုတ်လုပ်တဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံတို့နဲ့ဆွေးနွေးညှိနှိုင်းဖို့ အင်ဒိုနီးရှား အစိုးရကိုတိုက်တွန်း လိုက်ကြောင်း သိရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာရော်ဘာ ဈေး နှုန်းတွေ အချိန်ကြာမြင့်စွာ အနိမ့်ဆုံးနှုန်းဖြစ်နေတာကို ပြောင်းလဲဖို့အတွက် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ ဆွေးနွေးသင့်ကြောင်း အင်ဒိုနီးရှားရော်ဘာအသင်း Gap Kindo ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားကုန် သွယ်ရေး ဝန်ကြီးကလည်း ထိုင်းနိုင်ငံစိုက်ပျိုးရေးနဲ့ သမဝါယမ ဝန်ကြီးနဲ့ တွေ့ဆုံေ ဆွးနွေးရာမှာ ၎င်းတို့သုံးနိုင်ငံအနေနဲ့ သင့် တော်တဲ့ အတိုင်းအတာတစ်ခုနဲ့ ရော်ဘာဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေခြင်း ကိုရပ်တန့်ဖို့ သဘောတူညီမှုရယူခဲ့ ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှ စိုက်ပျိုးရေးအရာရှိများ ကလည်း မလေးရှား စိုက်ပျိုးရေးနဲ့ကုန်ပစ္စည်း ဝန်ကြီးနဲ့ တွေ့ဆုံပြီး ရော်ဘာဈေးနှုန်း ထက်ဝက်ခန့် ကျဆင်းနေခြင်းကိစ္စကို ဆွေးနွေး မယ်လို့သိရပါတယ်။ ကမ္ဘာ့စီးပွားရေး ကျဆင်းပြီး ဝယ်လိုအားမရှိတာကြောင့် ရော်ဘာဈေးနှုန်းကလွန်ခဲ့တဲ့ ၂ နှစ် ကျော် ကာလအတွင်း အနိမ့်ဆုံးကိုရောက်ရှိနေတယ်လို့ သိရပါတယ်။ တိုကျိုကုန်စည်ဒိုင်မှာတော့ နိုဝင်ဘာ အတွက် ရော်ဘာေ ဈးနှုန်းက ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၈၈၃ ဒေါ်လာကို ရောက်ရှိပြီး ၂၀၀၉ ခုနှစ်ကစရင် အနိမ့်ဆုံးနှုန်း ကိုရောက်ရှိခဲ့တယ်လို့သိရပါတယ်။ အင်ဒိုနီးရှား၊ မလေးရှားနဲ့ထိုင်းနိုင်ငံက ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တယ်လို့သိရပါတယ်။ ရော်ဘာဈေးနှုန်း နည်းခြင်းက တောင်သူများရဲ့ထုတ်လုပ်မှုကိုကျဆင်းစေပြီး ယခုနှစ်မှာ အင်ဒိုနီးရှားရဲ့ ထုတ်လုပ်မှုက ၉ ဒသမ ၇ ရာခိုင် နှုန်းကျဆင်းပြီး တန်ချိန် ၂ ဒသမ ၈ သန်းကိုရောက်ရှိ နိုင် တယ်လို့ Gap Kindo ရဲ့ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ယခု နှစ် ပထမ ၃ လမှာတော့ထုတ်လုပ်မှုက ယခင်နှစ်အလားတူ ကာလထက် ၆ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၇ သိန်းကို ရောက်ရှိခဲ့ကြောင်းသိရပါတယ်။ တရုတ်ကအမေရိကန်ပြီးရင် အင်ဒိုနီးရှားရော်ဘာကို ဒုတိယအများဆုံးဝယ်ယူသူဖြစ်ပြီး အများအားဖြင့် တာယာထုတ်လုပ်ရေးမှာ အသုံးပြုကာ ၎င်းင်းရဲ့ စုစုပေါင်းဝယ်လိုအားက ၄၀၉၃၇၇ တန်နီးပါးရှိကြောင်း သိရ ပါတယ်။ ယခင်နှစ်ထက် ပို့ကုန် ၈ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီး တန်ချိန် ၂ ဒသမ ၃ သန်းသာရှိခဲ့က ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၈၂ ဒသမ ၁၄ ရာခိုင်နှုန်းက ပို့ကုန်တင်ပို့ပြီး ပြည်တွင်းဈေး ကွက် အတွက်တော့ တန်ချိန် ၅ သိန်းခန့်ရောင်းချရကြောင်Gap Kindo မှသိရပါတယ်။ ယခုနှစ်မှာတော့ ပြည်တွင်း ဈေးကွက်က ဝယ်လိုအားတက်ပြီးသုံးစွဲမှုတန်ချိန် ၆ သိန်းခန့် ရှိနိုင်တယ်လို့ Gap Kindo ရဲ့ ဥက္ကဌက ပြောကြားခဲ့ ပါတယ်။ ယခုနှစ်ပထမ ၃ လပတ်မှာတော့ အင်ဒိုနီးရှားက တန်ချိန် ၅၆၄၃၂၀ တင်ပို့ပြီး ယခင်နှစ်အလားတူကာလ ထက် ၁၀ ရာခိုင်နှုန်းခန့်လျော့နည်းတင်ပို့ခဲ့တယ်လို့ Gap Kindo ရဲ့စာရင်းများအရ သိရပါတယ်။ ပို့ကုန် တန်ချိန်နဲ့ ဈေးနှုန်းကျဆင်းတာကြောင့် ပို့ကုန်တန်ဖိုးလည်း ယခင်နှစ် ပထမ ၃ လပတ်ထက် ၃၄ ဒသမ ၉၄ ရာခိုင်နှုန်းကျဆင်းပြီး ဒေါ်လာ ၁ ဒသမ ၉၈ ဘီလီယံသာရှိကြောင်းသတင်းရရှိပါတယ်။ Source:JakartaPost ,KZW
Background