၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်း စတင်တော့ မှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ထိုင်းနိုင်ငံရဲ့ အကောက် ခွန်နယ်စပ်စခန်းများ အလုံးစုံစစ်ဆေးပြုပြင်ဖို့ အကောက်ခွန်ဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။ AEC အရ အာဆီယံ စီးပွားရေး ပေါင်း စည်းရေးဟာ နယ်စပ်ကုန်သွယ်မှု သိသိသာသာတိုးတက်မယ့်ရလဒ်ရှိ လာဖွယ်ရှိတယ် လို့ ညွှန်ကြားရေးမှူးချုပ် Somchai Pulsawas မှ ပြောကြားပါတယ်။ လက်ရှိမှာ နယ်စပ်စခန်းများမှ အကောက်ခွန် ကောက်ခံမှုဟာ စုစုပေါင်း အခွန်ကောက်ခံမှု ရဲ့ ၁၀ ရာခိုင်နှုန်းရှိပြီး၊ တစ်နှစ်ကို ဘတ် ၁၀ ဘီလီယံ (ကန်ဒေါ်လာ သုည ဒသမ ၃၁၅ ဘီလီယံ)ရရှိတယ်လို့ သိရပါတယ်။နယ်စပ်ကုန်သွယ်မှုစုစုပေါင်းရဲ့ ထက်ဝက်ခန့်နဲ့ အများဆုံး ရရှိတဲ့ ကုန်သွယ်ရေးစခန်းကတော့ Songkhla ပြည်နယ်မှာရှိတဲ့ ထိုင်း၊ မလေးရှားနယ်စပ် Sadao စခန်းပဲဖြစ်ပါတယ်။ လက်ရှိကုန် သွယ်ရေး သဘောတူညီချက်များအရ တင်သွင်းခွန်များကို လျှော့ချရ မှာဖြစ်လို့ ၂၀၁၅ ခုနှစ်မှာ စုစုပေါင်းအကောက်ခွန်ရဝင်ငွေဟာ လက် ရှိပမာဏရဲ့ ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ သိရပါတယ်။အာဆီယံနိုင်ငံအုပ်စုအတွင်း တင်သွင်းခွန်ကို ၅ ရာခိုင်နှုန်း ထက်ပိုတဲ့အခွန်မရှိအောင် လျှော့ချမှာဖြစ်လို့ ဒေသတွင်းကုန်သွယ် မှု တိုးတက်မယ့် စီမံချက်များရှိတဲ့တိုင် ၂၀၁၅ခုနှစ်နောက်ပိုင်း အကောက်ခွန်ဝင်ငွေ ကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အကောက် ခွန်ဌာနဟာ နယ်စပ်စခန်း ၄၆ ခု ဆောင်ရွက်လျက်ရှိပြီး၊ နိုင်ငံတစ် ဝန်း နေရာအနှံ့အပြားမှာရှိနေပြီးသား ရုံးများကို တိုးတက်ဖို့ သို့မ ဟုတ် ရုံးအသစ်များတည်ဆောက်ဖို့ စီစဉ်နေပါတယ်။အဲဒီနယ်စပ်စခန်းတွေထဲမှာ လာအိုနယ်စပ် တစ်လျှောက်ရှိ Uttaradit ၊ မလေးရှားနယ်စပ်ရှိ Yala ၊ ထိုင်း၊ မြန်မာကုန်သွယ် ရေးကို အထောက်အကူပြုတဲ့ ခန်ချန်နာဘူရီစတဲ့ စခန်းတွေပါဝင် တယ်လို့ သိရပါတယ်။ အကောက်ခွန်ဌာနမှ Narathiwat နဲ့ Songkhla ပြည်နယ်များမှာ ရှိပြီးသားအခြေခံအဆောက်အဦ တိုး ချဲ့ဖို့ မကြာသေးခင်အပြီးသတ်ခဲ့ကြောင်း သိရပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံများဟာ အကောက်ခွန်ရှင်းလင်းမှုဆိုင် ရာ အဆင်ပြေချောမွေ့စေဖို့ တစ်ကြိမ်သာ စစ်ဆေးချက် (Single inspection) စခန်းများ တည်ထောင်ခြင်းအပါအဝင် AEC အရ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ လွယ်ကူစေဖို့လည်း သဘော တူညီထားတယ်လို့ သိရပါတယ်။ တစ်ကြိမ်သာ စစ်ဆေးခြင်း လုပ်ငန်း စဉ်ကို နယ်စပ်ဝင်ပေါက်မှာ တင်သွင်းကုန်ပစ္စည်းများကို တစ်ကြိမ် တည်းသာ စစ်ဆေးတဲ့ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်းစတဲ့ အာဆီယံနိုင်ငံတွေမှာ ဦးစွာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: bangkok post
Background