မြန်မာနိုင်ငံရှိ စက်မှုဇုန်မြေကွက်ဈေးနှုန်းများသည် အဆမတန်မြင့်မား လျက်ရှိရာ အာရှတွင် ဈေးအမြင့်ဆုံးအခြေအနေတွင် ရှိနေသည့်အတွက် အညင်သာဆုံးဖြစ်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနို င်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားသည်။" စက်မှုဇုန်မြေကွက်တွေ ဈေးအဆမတန် မြင့်မားနေတာဟာ သာမန် အားဖြင့် ဒီနေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲက အရေးကြီးတဲ့အကြောင်း တစ်ရပ်ပဲဖြစ်ပါတယ်။ ဒါကို တိုင်ပင်ပြီးတော့ ရေရှည်ဆောင်ရွက်သွားဖို့ စီမံ လျက်ရှိပါတယ်။ လတ်တလော ရန်ကုန်မှာရှိတဲ့စက်မှုဇုန်တွေက ယခင်ဆောက် လုပ်ရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ပြီး Develop လုပ်ထားတဲ့မြေကွက်တွေဖြစ် ပါတယ်။ တချို့ကလည်း ဝယ်ထားပြီးသားဖြစ်တယ်။ ဒါတွေပေါ်မှာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ဆေးခြင်း၊ စိစစ်ခြင်း၊ စာချုပ်ေ တွအရ ဘယ်နှ နှစ်မှာ အကောင်အထည်ဖော်ရမယ်။ ဒါတွေကို ညင်သာစွာကြိုးပမ်းဆောင် ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ပြည်တွ င်းပြည်ပ ရင်းနှီးမြှုပ်နှံမယ့်သူတွေ က ဦးဆုံးမြေရဲ့တန်ဖိုးက အလွန်တရာ မြင့်မားနေတယ်လို့ သူတို့က ပြောပါ တယ်။ မြန်မာနိုင်ငံရဲ့ စက်မှုဇုန်မြေဈေးကွက်က အာရှမှာ ဈေးအကြီးဆုံးဖြစ် နေပါတယ်။ ဒါကိုလည်း မော်တော်ကားလိုပဲပြုပြင်သွားဖို့ အစီအမံတွေရှိပါ တယ်။ အခုတော့ ဆောင်ရွက်စပဲရှိပါသေးတယ်" ဟု ပြောကြားခဲ့သည်။ယခုအခါတွင် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဟူသည့် သတင်းများကြောင့် စက်မှုဇုန်မြေကွက်များသည် ယခင်က တစ်ဧကလျှင် ကျပ် သိန်း ၂၀၀၀ ပတ်ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုအခါတွင် ကျပ်သိန်း ၃၀၀၀ အထက်တွင်ရှိနေကြောင်း သိရသည်။ မယ်သီတာ
Background