Main menu

Background

အေဂျီဒီဘဏ်နှင့် CB Bank တို့တွင် နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်နိုင်ပြီ

Mon, 07/09/2012 - 06:23 -- Anonymous (not verified)

      အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် နှင့် သမဝါယမဘဏ် လီမိတက်   (CB Bank) တို့တွင် နိုင်ငံခြားသုံးငွေစာရင်း ကို ဇူလိုင် ၉ရက်မှ စတင်၍ ဖွင့်လှစ် နိုင်ပြီဖြစ်ကြောင်း သိရသည်။နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်လိုသူ များအနေဖြင့် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနှင့် ယူရိုငွေကြေးများ ဖြင့် ဖွင့်လှစ်နိုင်ကြောင်း သိရသည်။စာရင်း စတင်ဖွင့်လှစ်လိုသူများအ နေဖြင့် ကနဦး  ပေးသွင်းငွေအဖြစ် အမေရိကန်ဒေါ်လာ စာရင်းဖွင့်လှစ် လိုပါက အမေရိကန်ဒေါ်လာ   ၁၀၀ (သို့မဟုတ်) စင်ကာပူဒေါ်လာ စာရင်း ဖွင့်လှစ်လိုပါက စင်ကာပူဒေါ်လာ ၁၀၀ (သို့မဟုတ်) ယူရိုငွေ စာရင်းဖွင့်လှစ်လို ပါက ယူရိုငွေ ၁၀၀ ပေးသွင်း၍ စာရင်း သစ်  ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရ သည်။စာရင်းဖွင့်လှစ်သောအခါတွင် ငွေ လဲကောင်တာများမှ ဝယ်ယူထားသော ငွေဖြစ်ကြောင်း အာမခံဘောက်ချာ (သို့မဟုတ်) မိမိ၏ လစာစလစ် (သို့မဟုတ်) အိမ်ငှားချထားရာမှရသော ငွေ ဖြစ်ကြောင်းစာရွက်စာတမ်းများ စသည် တို့ကိုတင်ပြရမည်ဖြစ်ကြောင်း သိရသည်။နိုင်ငံခြားငွေစာရင်း  ဖွင့်လှစ်နိုင် သည့်သူများမှာ   မြန်မာနိုင်ငံသား (သို့မဟုတ်)  နိုင်ငံခြားသားအနေဖြင့် လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) နှစ်ဦး တွဲဖက်၍ လည်းကောင်း၊ မြန်မာနိုင်ငံ သားပိုင် (သို့မဟုတ်) နိုင်ငံခြားသား ပိုင်ကုမ္ပဏီ အဖွဲ့အစည်းများနှင့် တရား ဝင် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များ အနေဖြင့် လည်းကောင်း၊ သံရုံးနှင့် သံရုံးဝန်ထမ်းများအနေဖြင့်  လည်း ကောင်း စာရင်းဖွင့်လှစ်နိုင်ကြောင်း သိ ရသည်။အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တွင် နိုင်ငံခြားသုံးငွေစာရင်း ဖွင့်လှစ် ထားပါက အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် အကျိုးတူပူးပေါင်းထားသည့် ထိုင်းနိုင်ငံ KBank  ၊ မလေးရှားနိုင်ငံမှ  May Bank တို့မှတစ်ဆင့် ငွေလွှဲ/ ငွေထည့်ခြင်း တို့ကို ပြုလု ပ်နိုင်ကြောင်း သိရသည်။အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တွင် နိုင်ငံခြားသုံးငွေစာရင်း ဖွင့်လှစ် လိုပါက ကမာရွတ်ဘဏ်ခွဲတွင် လည်း ကောင်း CB Bank  တွင် နိုင်ငံခြားသုံး ငွေစာရင်း ဖွင့်လှစ်လိုပါက လသာမြို့ နယ်ရှိ သမဝါယမဘဏ်လီမိတက် ရုံး ချုပ်တွင် လည်းကောင်း  ဇူလိုင် ၉ ရက် မှစတင် ဖွင့်လှစ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။        မယ်သီတာ