Main menu

Background

သံဖြူဇရပ်-ဘုရားသုံးဆူ သေမင်းတမန် ရထားလမ်း ပြန်လည်ဖောက်လုပ်မည်

Mon, 07/09/2012 - 06:28 -- Anonymous (not verified)

    ဂျပန်ခေတ်က ဖောက်လုပ်ခဲ့သည့် သေမင်းတမန်ရထားလမ်းဟုခေါ်သည့် သံဖြူဇရပ်-ဘုရားသုံးဆူ  ရထားလမ်း အား   ပြန်လည်ဖောက်လုပ်မည်ဖြစ် ကြောင်း  ရထားပို့ဆောင်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က နေပြည်တော် စက်မှုဝန်ကြီးရုံးတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က   " သေမင်းတမန်ရထားလမ်းဟာ အရင် ဂျပန်ခေတ်က စစ်သုံ့ပန်းတွေနဲ့ ဖောက်လုပ်ခဲ့တာပါ။ အဲဒီလမ်းရဲ့ အကွာ အဝေးက သံဖြူဇရပ်ကနေ ဘုရားသုံး ဆူအထိ ၆၅ မိုင် ကွာဝေးပါတယ်။ အဲဒီ လမ်းကို ဖောက်လုပ်ဖို့အတွက် မိုးကုန် တဲ့အခါ တိုင်းထွာတွက်ချက်ပြီးတော့ နိုင်ငံတော်အစိုးရကို   တင်ပြမယ်။ လွှတ်တော်မှာ  ခွင့်ပြုချက်ရယူမယ်။ အဲဒီလမ်းကို ဖောက်လိုက်တဲ့အတွက် ကြောင့် အဲဒီဒေသမှာနေထိုင်ကြတဲ့ ကရင်တိုင်းရင်းသား၊ မွန်တိုင်းရင်းသား တွေအတွက် အဆင်ပြေမယ်။ ထိုင်းနိုင်ငံ နဲ့လည်း စီးပွားရေးလမ်းကြောင်းဖွင့် လို့ရမယ်။ ဒါကြောင့် ဒီလမ်းဟာ လုပ် သင့်တဲ့လမ်းဖြစ်ပါတယ်။   မိုးကုန်ရင် ဆောင်ရွက်ဖို့အတွက် အသင့်ပြင်ထား ပြီးဖြစ်ပါတယ်" ဟု   ပြောကြားသွားခဲ့ သည်။အဆိုပါ ရထားလမ်း ဖောက်လုပ် ရန်အတွက် နှစ်နှစ် သုံးနှစ်ခန့် အချိန် ယူပြီး ဆောင်ရွက်ရမည်ဖြစ်ပြီး လမ်း တစ်လျှောက်တွင်ရှိ သည့်     ချောင်းမြောင်းများအား  ဖြတ်သန်းဖောက် လုပ်ရမည်ဖြစ်ရာ အခက်အခဲများနှင့် ကြုံတွေ့ရနိုင်ကြောင်း  ပြည်ထောင်စု ဝန်ကြီးက  ထပ်လောင်းပြောကြားခဲ့ သည်။                    မယ်သီတာ