Main menu

Background

တစ်ပတ်အတွင်း ပြည်တွင်းအားကစားသတင်းတိုများ

Mon, 07/09/2012 - 06:31 -- Anonymous (not verified)

    အာရှယူ-၂၂ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွင် ခြေစစ်ပွဲအောင်မြန်မာယူ-၂၂ အ သင်းအား မလေးရှားအသင်းမှ အာရှဘောလုံးအဖွဲ့ချုပ် ထံသို့ ကန့်ကွက်စာ တင်ပို့သည့်အတွက် နိုင်ငံတကာသတင်းစာမျက်နှာများထက်တွင် စွပ်စွဲမှုများ ဖြစ်ပေါ်နေသော် လည်း ပြဿနာတစ်စုံတစ်ရာရှိလာနိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး က ပြောကြားလိုက် သည်။    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က မြန်မာနှင့်မလေးရှားပွဲစဉ် တွင် မလေးရှားအသင်း၏ထိုးဖောက်မှုများကို စွမ်းစွမ်းတမံကာကွယ်သွားနိုင် ခဲ့သည့် ဂိုးသမားကျော်ဇင်ဖြိုးကို အဓိကချီးကျူးလိုကြောင်းပြောကြားခဲ့သည်။    မလေးရှားအသင်း၏နည်းပြ အွန်ကင်ဆွမ်းက မိမိအသင်းမှာ ပထမပိုင်းတွင် ကစားပုံမကောင်းခဲ့သော်လည်း ဒုတိယပိုင်းတွင် မြန်မာအသင်းကိုအခက်အခဲ များတွေ့ရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသဖြင့် အလွန်ပင် ခံစားရပါကြောင်း ပြောကြားခဲ့သည်။    ကမ္ဘောဇအသင်း၏တိုက်စစ်မှူး စိုးမင်းဦးသည် ရန်ကုန်ယူနိုက်တက်အသင်း နှင့်ခြေစမ်းကစားရာတွင် ရန်ကုန်အသင်းနောက်ခံလူ မျိုးဝင်းထွဋ်နှင့်တိုက်မိ၍ မျက်ခုံးကွဲသွားခဲ့ရာ  သုံးချက်ချုပ်ခဲ့ရပြီး စိုးရိမ်စရာ မရှိကြောင်း အသင်းပိုင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။    ပြီးခဲ့သည့်မေလ ၂၇ရက်နေ့က နေပြည်တော်ပေါင်းလောင်းကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် ရက္ခပူရအသင်းနှင့်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့သောနေပြည်တော်  အသင်းတိုက်စစ်မှူး စထက်နိုင်ဝင်းသည် ဒဏ်ရာမှပြန်လည်သက်သာလာကာ အသင်းနှင့်အတူေ လ့ကျင့်ခန်းများပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ကြောင်းသိရသည်။