Main menu

Background

တစ်ပတ်အတွင်း နိုင်ငံတကာအားကစားသတင်းတိုများ

Mon, 07/09/2012 - 06:36 -- Anonymous (not verified)

    အင်္ဂလန်နည်းပြဟောင်းဖေဘီယိုကာပယ်လိုသည် လစ်လပ်နေသောရုရှား လက်ရွေးစင်နည်းပြရာထူး အတွက် ဆွေးနွေးမှု များ ပြုလုပ်ရန်ဆန္ဒရှိနေကြောင်း သိရသည်။    ဂျူဗင်တပ်စ်အသင်းသည် ခံစစ်အားဖြည့်သည့်အနေဖြင့် အင်တာမီလန်နှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဝါရင့်နောက်ခံလူ လူစီယိုအား နှစ်နှစ် စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့သည်ဟု သိရသည်။    စီးရီးအေထိပ်သီး အေစီမီလန်အသင်းသည် ရက်ဂျီနာအသင်းမှ အသက် ၁၄ နှစ်အရွယ်ရှိ လူငယ်ကစားသမား ဟာချင်မက်စတိုဝါ အား ယူရို ငါးသိန်းဖြင့် စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ကြောင်း သိရသည်။    စပိန်နိုင်ငံမှ အမျိုးသမီးဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲဝင် မာရီယာဗီလိုတာ သည် အင်္ဂလန်၌ ပြုလုပ်ခဲ့သည့် ဖော်မြူလာ ဝမ်းကားစမ်းသပ်မောင်းနှင်မှုတွင် ပြေးလမ်းအနီးမှ ထရပ်ကားအား ဝင်ရောက်တိုက်မိခဲ့သည့်အတွက် မျက်နှာ နှင့်ဦးခေါင်းတို့တွင် ဒဏ်ရာများရရှိခဲ့ရာ ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း သိရသည်။    အိုလံပစ်ချန်ပီယံ ဂျမေကာတာတိုအပြေးသမား အူစိန်ဘို့လ်တ်သည် လန်ဒန် အိုလံပစ်အတွက် လက်ရည်စစ်ပွဲယှဉ်ပြိုင်ရာ ကမ္ဘာ့ချန်ပီယံယိုဟန်ဘလိတ် အား သုံးရက်အတွင်း နှစ်ကြိမ်အရေးနိမ့်ခဲ့ကြောင်း သိရသည်။    ယူရို ၂၀၁၂ကာလအတွင်း ကစားသမားမပီသသည့် ပြင်သစ်အသင်းမှ နာဆ ရီ၊ ဘင်အာဖာ၊ မင်နက်ဇ်နှင့်အမ်ဗီလာတို့ အား ပြင်သစ်ဘောလုံးအဖွဲ့ချုပ်၏ အရေးယူခြင်းကိုခံရမည့်အပြင် ဖီဖာမှချီးမြှင့်သည့်ဆုကြေး ယူရိုတစ်သိန်းကို လည်းခံစားရမည်မ ဟုတ်ကြောင်းပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကကြေညာခဲ့သည်။    ဂရိတ်ဗြိတိန်တိုက်စစ်မှူး ဒန်နီရယ်စတားရစ်ချ်သည် ဦးနှောက်အမြှေးယောင် ရောဂါကြောင့် လန်ဒန်အိုလံ ပစ်ပြိုင်ပွဲနှင့်လွဲချော်ရမည်ဖြစ်ကြောင်း သိရသည်။    ယူရို ၂၀၁၂ ငွေတံဆိပ်ဆုရ အီတလီအသင်း၏ပြည်တော်ပြန်ခရီးတွင်ပရိသတ် တစ်ထောင်ခန့်ကြိုဆိုခဲ့ကြပြီး ငွေတံဆိပ်ဆုများကို အီတလီသမ္မတထံသို့ပေး အပ်ခဲ့ကြောင်း သိရသည်။    ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီသည် နာပိုလီအသင်းမှ တိုက်စစ်မှူး လာဗက် ဇီအား လေးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။